Connect with us

Science & Technology

တရုတ်နိုင်ငံက ကမ္ဘာ့ပတ်လမ်းနိမ့် ဂြိုဟ်တုအစုအဝေး လွှတ်တင်

တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ ကမ္ဘာ့ပတ်လမ်းနိမ့် ဂြိုလ်တုအစုအဝေးသစ်ကို သယ်ဆောင်ထားသည့် ပြုပြင်မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံ ပျံတက်နေပုံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ထိုက်ယွမ်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ ကမ္ဘာ့ပတ်လမ်းနိမ့် ဂြိုလ်တုအစုအဝေးသစ်ကို စက်တင်ဘာ ၂၇ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ပြုပြင်မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၈ နာရီ ၄၀ မိနစ်က လွှတ်တင်ခဲ့သော ယင်းဂြိုဟ်တုအစုအဝေးအသစ်မှာ အလားတူဂြိုဟ်တုအုပ်စု အမျိုးအစားထဲတွင် ၁၁ ခုမြောက်ဖြစ်ကာ အင်တာနက်ဆိုင်ရာ ကွန်ရက်ချိတ်ဆက်ဆောင်ရွက်မှုများ ပေါင်းစည်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။


ဂြိုဟ်တုများသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ကြောင်းလည်း သိရသည်။ စက်တင်ဘာ ၂၇ ရက်က လွှတ်တင်ခဲ့မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံများ၏ ၅၉၇ ကြိမ်မြောက်မစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
(English Version)
—————————
China launches low Earth orbit satellite group

TAIYUAN, Sept. 27 (Xinhua)
China successfully launched a new group of low Earth orbit satellites from the Taiyuan Satellite Launch Center in northern Shanxi Province on Saturday.
The satellite group, the eleventh of its kind that will constitute an internet constellation, was launched at 8:40 p.m. (Beijing Time) aboard a modified Long March-6 carrier rocket.
The satellites entered preset orbit successfully.
Saturday’s launch marked the 597th mission of the Long March carrier rockets. ■
Photo:
A modified Long March-6 carrier rocket carrying a group of low Earth orbit satellites blasts off from the Taiyuan Satellite Launch Center in north China’s Shanxi Province on Sept. 27, 2025. (Photo by Shang Yuhang/Xinhua)