Connect with us

Social, Education & Health

တရုတ် နိုင်ငံတကာ သတင်းဓာတ်ပုံ ပြိုင်ပွဲတွင် ကမ္ဘာလုံးဆိုင်ရာ ဓာတ်ပုံသတင်းထောက်များ ဝင်ရောက် ယှဉ်ပြိုင်

၂၀၁၄ ခုနှစ် ပေကျင်းတွင် ပြုလုပ်သည့် ၁၀ ကြိမ်မြောက် တရုတ် နိုင်ငံတကာ သတင်းဓာတ်ပုံ ပြိုင်ပွဲ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ဒူ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း မှ သတင်းဓာတ်ပုံ သတင်းထောက်များ ဝင်ရောက်ယှဉ်ပြိုင်ထားသည့် ဓာတ်ပုံ ထောင်ပေါင်း များစွာထဲမှ အကောင်းဆုံး ဓာတ်ပုံအား တရုတ် နိုင်ငံတကာ သတင်းဓာတ်ပုံပြိုင်ပွဲ ဒိုင်များက မတ်လ ၂၁ ရက်တွင် စတင် ရွေးချယ်နေကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ နိုင်ငံများနှင့် ဒေသပေါင်း ၇၀ ကျော်မှ ဓာတ်ပုံပေါင်း ၃၀,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။ စစ်နှင့် ပဋိပက္ခ၊ သဘာဝဘေးနှင့် အနာရောဂါ၊ အထွေထွေသတင်း အပါအဝင် ကဏ္ဍ ၈ ခု၌ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး ဓာတ်ပုံဆုအား ရွေးချယ်သွားမည် ဖြစ်ပြီး ရွှေ၊ ငွေ၊ ကြေး စသဖြင့် ဆုများ ချီးမြှင့်မည် ဖြစ်သည်။

ဓာတ်ပုံသတင်းထောက်များ၊ အယ်ဒီတာများနှင့် အကဲဖြတ်သူများ ပါဝင်သည့် ဒိုင်အဖွဲ့က တစ်ပတ်အတွင်း ဆုရရှိသူများအား ရွေးချယ်မည် ဖြစ်ပြီး မတ်လ ၂၅ ရက်၌ တရုတ်နိုင်ငံ ချန်ဒူမြို့တွင် ကြေညာပါမည်။

ယင်းပြိုင်ပွဲအား တရုတ် ဓာတ်ပုံ သတင်းထောက်အဖွဲ့မှ ၂၀၀၅ ခုနှစ်က စတင် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံ တကာ၏ ထောက်ခံမှုများလည်း ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.