Social, Education & Health
တရုတ်နိုင်ငံ ကျူးကျိမြို့ ဆန်းရှဟူမြို့နယ်လေးက ပုလဲရောင်တောက်ပြောင်နေသည့် ပုလဲရတနာမြို့နယ်လေး

ကျူးကျိ၊ ကျဲ့ကျန်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
ဆန်းရှဟူမြို့နယ်လေးသည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျူးကျိမြို့၌ တည်ရှိရာ “တရုတ်နိုင်ငံ၏ ပုလဲမြို့တော်” ဟု ခေါ်ဝေါ်သမုတ်ခံရပေသည်။ ယင်းသည် ပုလဲမွေးမြူခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် ယဉ်ကျေးမှုခရီးသွားကိုယ်တိုင်ခံစားခြင်း တို့ တစ်သားတည်းရှိသည့် ထူးခြားသော မြို့နယ်လေးဖြစ်သည်။ နှစ်ပေါင်းများစွာကာတွင် ဆန်းရှဟူမြို့နယ်သည် သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုဖြင့် ပုလဲထုတ်လုပ်မှုလုပ်ငန်း၏ ဂေဟေစနစ်နှင့်အညီ မွေးမြူခြင်းနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခဲ့ရာ နိုင်ငံတစ်ဝန်းသာမက တစ်ကမ္ဘာလုံးတွင် အကြီးဆုံးသော ပုလဲကုန်သွယ်ရေးစင်တာ၊ ရေချိုပုလဲဦးဆောင်စင်တာနှင့် ဒစ်ဂျစ်တယ် ပုလဲရတနာ အရောင်းအဝယ်ပလက်ဖောင်း ဖြစ်ခဲ့ပြီး ပုလဲအရောင်းအဝယ်ပမာဏမှာ နိုင်ငံတစ်ဝန်းဈေးကွက်၏ ၈၀ ရာခိုင်နှုန်း ရှိပေသည်။

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျူကျိမြို့ ဆန်းရှဟူမြို့နယ်လေးတွင် ပုလဲမွေးမြူရေးနည်းပညာနမူနာစနစ်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျူကျိမြို့ ဆန်းရှဟူမြို့နယ်လေးတွင် ပုလဲ စမတ်မွေးမြူရေးစခန်း၌ ကမာကောင်များအား လွှတ်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
သေးငယ်လှသည့် ပုလဲလုံးလေးများကို ချိတ်ဆက်စီတန်းကာ လှပသော စီးပွားရေးအဖြစ် ပြောင်းလဲခဲ့သလို မြို့နယ်နေဒေသခံများ၏ ဝင်ငွေတိုးတက်၍ ချမ်းသာအောင် အားဖြည့်ဖော်ဆောင်နိုင်ခဲ့ပေသည်။ (Xinhua)
———————————-
(Chinese Version)
活力中国调研行|诸暨山下湖镇:“珠”光宝气的珍珠小镇
新华社照片,诸暨(浙江),2025年8月10日
山下湖镇位于浙江省诸暨市,被誉为“中国珍珠之都”,是集珍珠养殖、加工、交易及文旅体验为一体的特色小镇。 多年来,山下湖镇通过科技创新实现珍珠产业的生态养殖与绿色发展,成为全国乃至全球最大的珍珠贸易中心、淡水珍珠引领中心和数字珠宝交易平台,珍珠交易量占全国市场的80%。小小珍珠“串”起美丽经济,带动小镇居民实现增收致富。
1. 8月9日,工作人员在浙江省诸暨市山下湖镇开蚌取珍珠。新华社记者 毛竹 摄
2. 这是8月9日在浙江省诸暨市山下湖镇拍摄的珍珠养殖技术模拟系统。新华社记者 毛竹 摄
3. 8月9日,工作人员在浙江省诸暨市山下湖镇的珍珠智能化养殖基地放蚌。新华社记者 毛竹 摄