Connect with us

Social, Education & Health

အိမ်အဟောင်းမှ အသွင်အပြင်အသစ်များ ပြသ၊ ရပ်ကွက်ဟောင်းမှ စာမျက်နှာအသစ်များ ဖွင့်လှစ်ရေးသား

ချန်းကျိုး(ဟူနန်)၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဝါယောင်းဖိန် သမိုင်းယဉ်ကျေးမှု ရပ်ကွက်သည် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ချန်းကျိုးမြို့၊ ဆူးရှန်းဒေသ၊ ဖေးထျန်းဆန်းမြို့နယ်တွင် တည်ရှိပြီး ကြည်လင်သော မြစ်ရေနှင့် အနီရောင်သမ်းသော သဲကျောက်အသွင်အလှများကြားတွင် နေရာယူထားသည်။ ဤနေရာသည် ယခင်က ချန်းကျိုးမြို့မှ ဟန်ယန်မြို့၊ ချန်ရှားသို့ ဆက်သွယ်သည့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အဓိကနေရာဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ မင်မင်းဆက်နှင့်ချင်းမင်းဆက်ခေတ်ကာလက စိမ်းပြာရောင်အမိုးနှင့် အဖြူရောင်နံရံ အဆောက်အဦပုံစံများကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

မကြာသေးမီနှစ်များတွင် ယင်းဒေသတွင် “အိမ်အဟောင်းများ ပြန်လည်နိုးကြားရေး” လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အိမ်အဟောင်း ၁၆ လုံး၊ အခန်းဟောင်း ၈၁ ခန်းကို ပြန်လည်ပြုပြင်တည်ဆောက်ကာ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုလုပ်ငန်းအခန်းများနှင့် ဒေသ အထူးအစားအစာများ စသည့် လုပ်ငန်းအမျိုးမျိုးကို ဝင်ရောက်စေခဲ့သည်။ ထူးခြားသော တောတောင်ရေမြေသဘာဝအရင်းအမြစ်များနှင့် သမိုင်းယဉ်ကျေးမှု အမွေအနှစ်များကို အားကိုးကာ ဝါယောင်းဖိန် သမိုင်းယဉ်ကျေးမှု ရပ်ကွက်သည် ယဉ်ကျေးမှုအတွေ့အကြုံစုစည်းမှု၊ အပန်းဖြေခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့ကို ပေါင်းစပ်ထားသည့် ဘက်စုံ ယဉ်ကျေးမှုခရီးသွား နေရာတစ်ခုအဖြစ် တဖြည်းဖြည်း တည်ဆောက်လျက် “ရပ်ကွက်အဟောင်းမှ စာမျက်နှာအသစ်” ကို ဆက်လက်ရေးသားလျက်ရှိသည်။ (Xinhua)

………………………….
(Chinese Version)
老屋展新颜 旧里迎新篇
新华社照片,郴州(湖南),2026年1月17日
瓦窑坪历史文化街区位于湖南省郴州市苏仙区飞天山镇,坐落在碧水丹霞间,这里曾是郴州通往衡阳、长沙的水上交通要津,至今仍保留着青瓦白墙的明清建筑风貌。
近年来,当地实施“老屋唤醒”行动,改造修复老屋16栋、旧房81间,引入民宿、餐饮、非遗工坊与特色小吃等多类业态。依托独特的山水资源和历史文化底蕴,瓦窑坪历史文化街区正逐步打造成集文化体验、休闲旅游、产业振兴于一体的综合性文旅目的地,续写“旧里新篇”。
图说1:1月16日,游客在瓦窑坪历史文化街区游玩。 新华社记者 陈振海 摄
图说2:这是1月16日拍摄的瓦窑坪历史文化街区(无人机照片)。新华社记者 陈振海 摄