Connect with us

Social, Education & Health

၂၀၂၅ ခုနစ်တွင် အသစ်မွေးဖွားသော ပန်ဒါဝက်ဝံပေါက်များက နွေဦးပွဲတော် ဂုဏ်ပြုအခမ်းအနား ပါဝင်တက်ရောက်

ချိန်တူး၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

လတ်တလောကာလတွင် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ ပန်ဒါဝက်ဝံ ကာကွယ်ရေးနှင့် သုတေသနစင်တာ၌ “မြင်းနှစ်တွင် နိုင်ငံ့ရတနာ ပန်ဒါဝက်ဝံများနှင့် တွေ့ဆုံခြင်း” နှစ်သစ်ကူး နွေဦးပွဲတော် အခမ်းအနား ကျင်းပခဲ့သည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ ပန်ဒါဝက်ဝံကြီးများ ကာကွယ်ရေးနှင့် သုတေသနစင်တာ ရှန်စုဖိန်စခန်းတွင် ၂၀၂၅ ခုနစ်တွင် အသစ်မွေးဖွားသော ပန်ဒါဝက်ဝံပေါက်က သစ်သားမြင်းပေါ်တွင် ဆော့ကစားနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါအခမ်းအနား၌ တရုတ် ပန်ဒါဝက်ဝံကြီးများ ကာကွယ်ရေးနှင့် သုတေသနစင်တာ၊ ချိန်တူး ပန်ဒါဝက်ဝံကြီးများ မျိုးပွားမွေးမြူရေး သုတေသနအခြေစိုက်စခန်းမှ ၂၀၂၅ ခုနစ်တွင် အသစ်မွေးဖွားသော ပန်ဒါဝက်ဝံပေါက် အကောင်ရေ ၃၀ လည်းတက်ရောက်၍ အားလုံးအတွက် နှစ်သစ်ကူး နွေဦးဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ၎င်းအဖွဲ့အစည်းကြီးနှစ်ရပ်မှ ပန်ဒါဝက်ဝံကြီး ၄၅ ကောင်အား အောင်မြင်စွာ သားဖောက်မွေးဖွားပေးခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
2025级新生大熊猫幼崽亮相贺新春
新华社照片,成都,2026年2月11日
近日,大熊猫国家保护研究中心举办“马上见国宝”新春主题活动,中国大熊猫保护研究中心和成都大熊猫繁育研究基地的30只2025级新生熊猫宝宝亮相,为大家送上新春祝福。据悉,2025年两大机构共成功繁育45只大熊猫。
1、在中国大熊猫保护研究中心神树坪基地,饲养员带领2025级新生大熊猫幼崽亮相新春主题活动(2月5日摄)。 新华社发(陈居伟 摄)
2、在中国大熊猫保护研究中心神树坪基地,2025级新生大熊猫幼崽在木马上玩耍(2月5日摄)。新华社发(陈居伟 摄)