Sport
တရုတ် နိုင်ငံ ဟယ်ပိန် တွင် နှင်းတော မော်တော်ဆိုင်ကယ် စီးပြိုင်ပွဲ ကျင်းပ
စစ်ကျားကျွမ်း ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ နှင်းတော မော်တော်ဆိုင်ကယ် စီးပြိုင်ပွဲ ကို ဟယ်ပိန် ပြည်နယ် ချိန်တယ် မြို့ ယွင်းကန်း အမဲလိုက် ကွင်းတွင် ကျင်းပ ခဲ့ပြီး တရုတ် နိုင်ငံ အနှံအပြားရှိ နှင်းတော မောင်တော်ဆိုင်ကယ် အားကစား သမားပေါင်း ၃၇ ဦး လာရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရှိရသည်။
ပြိုင်ပွဲ တာဝန်ရှိသူ ကောင်ရှောင်ဖိန်း ၏ ပြောကြားချက်အရ နှင်းတော မော်တော်ဆိုင်ကယ်စီး အားကစား သည် ဆောင်းတွင်း အားကစား များအတွင်းမှ ကျွမ်းကျင်မှု လိုအပ်ပြီး နှင့် စိတ်လှုပ်ရှား စရာ ကောင်းသော အားကစား တစ်မျိုး ဖြစ်ကြောင်း ၊ ယခု အကြိမ် ကျင်းပ သည့် ပြိုင်ပွဲတွင် မြေဧရိယာ ၂၀,၀၀၀ စတုရန်း မီတာ ခန့် အသုံးပြုထားပြီး အရှည်မှာ ၂ ကီလိုမီတာ ခန့်ရှည်ကြောင်း ၊ နိုင်ငံတကာ ပြိုင်ပွဲများ၏ ထိပ်တန်း ဒီဇိုင်းများဖြင့် ရေးဆွဲထားပြီး နိုင်ငံတကာ ပြိုင်ပွဲများ၏ စံချိန်စံညွှန်းများ အတိုင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ယခုအကြိမ် ကျင်းပ ခဲ့သည့် နှင်းတော ဆိုင်ကယ်စီးပြိုင်ပွဲသည် တရုတ် နိုင်ငံတော် အားကစားဝန်ကြီးဌာန ကားနှင့် မော်တော်ဆိုင်ကယ် အားကစား ဗဟိုဌာန ၊ တရုတ် နိုင်ငံ ကားနှင့်လှေ ခရီးသွားအဖွဲ့ချုပ် ၊ ဟယ်ပိန် ပြည်နယ် အားကစား ဌာန နှင့် ချိန်တယ်မြို့ အစိုးရ အဖွဲ့ တို့မှ ဦးစီးကျင်းပ ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲကျင်းပ ရာနေရာသည် ဟယ်ပိန် ပြည်နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ရှည်ကြာသည့် ဆောင်းရာသီ ရှိကာ ပျှမ်းမျှ အပူချိန်သည် အနုတ် ၂၀ စင်တီဂရိတ် သာရှိသည်။ အနိမ့်ဆုံး အပူချိန် အဖြစ် အနုတ် ၄၁ စင်တီဂရိတ် အထိရှိပြီး ပြိုင်ပွဲအား ဇန်နဝါရီလ ၅ ရက်နေ့ မှ ၈ ရက်နေ့ အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)