Connect with us

Sport

အတားအဆီးမဲ့သော မေတ္တာတရား၊ ဝှီးချဲပေါ်က စိတ်အားထက်သန်မှုများကို နွေးထွေးစွာ ကာကွယ်စောင့်ရှောက်ပေး

ကွမ်ကျိုး၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် တရုတ်နိုင်ငံ အမျိုးသား မသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် ၉ ကြိမ်မြောက် အထူးအိုလံပစ်ပြိုင်ပွဲ၏ ဝှီးချဲ (ဘီးတပ်ကုလားထိုင်) ဘတ်စကက်ဘောပြိုင်ပွဲတွင် ဆီးနှင်းဖုံးလွှမ်းသော ကုန်းပြင်မြင့်ဒေသမှ လာကြသော ဝှီးချဲပေါ်က ရှီးဇန့် ဝှီးချဲ ဘတ်စကက်ဘောအသင်း၏ ရုန်းကန်ကြိုးပမ်းမှုများသည် ကောင်းမွန်တိုးတက်အောင် အားထုတ်သော အင်အားကို အပြည့်အဝ ပြသလျက်ရှိသည်။၂၀၁၄ ခုနှစ် အသင်းစတင်တည်ထောင်ချိန်မှစ၍ တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မသန်စွမ်းအားကစားသမားများအတွက် လေ့ကျင့်ပျိုးထောင်ရေးစနစ် ပံ့ပိုးမှုအောက်တွင် ရှီးဇန့် ဝှီးချဲ ဘတ်စကက်ဘောအသင်းသားများသည် ၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် အစဉ်အမြဲ ကြိုးစားခဲ့ကြသည်။ အဖွဲ့ဝင် ၁၀ ဦးပါ ဤအသင်း၏ အသက်အရွယ်အပိုင်းအခြားအနေဖြင့် နှစ်ဆယ်ကျော်မှ လေးဆယ်သာသာအထိ ရှိကြသည်။ ဝှီးချဲ ဘတ်စကက်ဘောအားကစားသည် ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာရော စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ လေ့ကျင့်ပေးပြီး လက်ဖဝါးနှစ်ဖက်မှ ထူထဲလှသော အသားမာများသည် ၎င်းတို့၏ စိတ်အားထက်သန်မှုနှင့် ဇွဲလုံ့လကို သက်သေပြလျက်ရှိသည်။ ခန္ဓာကိုယ် အခြေအနေကလည်း လူ့အဖွဲ့အစည်းတွင် ပါဝင်ပေါင်းစည်းရန် ၎င်းတို့၏ ယုံကြည်ချက်ကို တားဆီးနိုင်ခြင်းမရှိပေ။

တရုတ်နိုင်ငံ ရှီးဇန့် ဝှီးချဲ ဘတ်စကက်ဘောအသင်းမှ ကစားသမား အပြန်အလှန် အားပေးနေကြသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြိုင်ပွဲအတွင်း ကစားသမားများသည် ၎င်းတို့၏ ချွေးသံတရွှဲရွှဲဖြင့် “စိတ်ထားထက်သန်မှုသည် ကန့်သတ်တားဆီးမှုများမရှိကြောင်း” ရေးခြယ်ခဲ့ပြီး ပြိုင်ပွဲအပြင်တွင် ပွဲစီစဉ်သူများက “အတားအဆီးမဲ့သော မေတ္တာတရား” ဖြင့် ဂရုတစိုက်နှင့် အသေးစိတ် လိုလေသေးမရှိ ဝန်ဆောင်မှုပေးခဲ့ကြသည်။ “အတားအဆီးမဲ ပြိုင်ပွဲဇုန်” တည်ဆောက်ရေးကို ဦးတည်ချက်အဖြစ်ထားရှိကာ အဆင်ပြေချောမွေ့စွာဝင်ထွက်သွားလာနိုင်သော အဆောက်အအုံတွေကို အဆင့်မြှင့်တင်ကာ အဆင်ပြေချောမွေ့စွာဝင်ထွက်သွားလာနိုင်သော ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။

ရှီးဇန့် ဝှီးချဲ ဘတ်စကက်ဘောအသင်း၏ ကြိုးစားအားထုတ်မှုနှင့် ပြိုင်ပွဲဝန်ဆောင်မှု၏ အပြည့်အဝ သေချာစေမှုတို့က “အတားအဆီးမဲ့သော မေတ္တာတရား” ဖြစ်ပြီး ယင်းမေတ္တာတရားက ကြိုးပမ်းအားထုတ်မှု၏ မောင်းနှင်အား၊ အတားအဆီးများကို ဖယ်ရှားပေးသော နွေးထွေးသည့် စွမ်းအားများပင် ပို၍ ဖြစ်သည်ကို မတူညီသော ရှုထောင့်များမှ ပုံဖော်ပြသလျက်ရှိသည်။ (Xinhua)
————————————-
(Chinese Version)
有爱无碍 暖心守护轮椅上的热爱
新华社照片,广州,2025年12月15日
在全国第十二届残疾人运动会暨第九届特殊奥林匹克运动会轮椅篮球赛场上,来自雪域高原的西藏轮椅篮球队用轮椅上的拼搏与奋进,诠释着向上的力量。
2014年组建以来,在西藏自治区残疾人运动员培养体系支持下,西藏轮椅篮球队球员始终追逐梦想。这支由10人组成的队伍,年龄跨度从二十多岁到四十岁出头。轮椅篮球运动帮助他们锻炼体魄,双手厚厚的老茧见证着热爱与坚持,身体条件也无法阻碍他们自信地融入社会。
赛场上,球员用汗水书写“热爱无阻”;赛场外,主办方以体贴入微、细致周到的服务践行“有爱无碍”,以“零障赛区”为目标,改造无障碍设施,优化无障碍环境。
西藏轮椅篮球队的拼搏与赛事服务的全面保障,从不同层面诠释着“有爱无碍”——爱是拼搏的动力,更是消除障碍的温暖力量。
图说1:12月12日,西藏轮椅篮球队球员旦增(中)在对阵广西队的比赛中投篮。 新华社记者 吴鲁 摄
图说2:12月12日,西藏轮椅篮球队球员在赛场互相鼓劲。 新华社记者 吴鲁 摄