Connect with us

Sport

ကမ္ဘာ့အားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ထည့်သွင်းကျင်းပသည့်နဂါးလှေပြိုင်ပွဲ၌ အင်ဒိုနီးရှား ရွှေတံဆိပ် ဆွတ်ခူး

ချိန်တူးတွင်ကျင်းပခဲ့သည့် ကမ္ဘာ့အားကစားပွဲတော်၏ မီတာ ၂၀၀၀၊ ၈ ယောက်တွဲ အလွတ်တန်း(pursuit race) နဂါးလှေပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နေသည့် အင်ဒိုနီးရှားအသင်းအား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ချိန်တူး၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့အားကစားပြိုင်ပွဲတွင် တရားဝင် အားကစားနည်းအဖြစ် ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပခဲ့သော နဂါးလှေပြိုင်ပွဲ၌ အင်ဒိုနီးရှားအသင်းက မီတာ ၂၀၀၀၊ ၈ ဦးယောက်တွဲအလွတ်တန်း (pursuit race) ပြိုင်ပွဲမှ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ရှင်းလုံရေကန်ကြီးရှိ ဟူပင်းပြိုင်ပွဲနေရာတွင် ပထမဆုံးယှဉ်ပြိုင်သော အဆိုပါပြိုင်ပွဲ၌ အင်ဒိုနီးရှားအသင်းက ၉ မိနစ်၊ ၈.၁၂ စက္ကန့်ဖြင့်ပန်းဝင်ကာ ရွှေတံဆိပ်ရခဲ့ပြီး အိမ်ရှင်တရုတ်အသင်းက ၉ မိနစ်၊ ၁၉.၂၂ စက္ကန့်ဖြင့် ဒုတိယ၊ စပိန်အသင်းက ၉ မိနစ်၊ ၂၃.၇၅ စက္ကန့်ဖြင့် တတိယရခဲ့သည်။

သြဂုတ် ၉ ရက်ကကျင်းပခဲ့သည့်နဂါးလှေပြိုင်ပွဲများတွင် မီတာ ၂၀၀၊ ၈ ယောက်တွဲအလွတ်တန်း၊ မီတာ ၅၀၀၊ ၈ ယောက်တွဲအလွတ်တန်း၊ မီတာ ၂၀၀ ၁၀ ယောက်တွဲ၊ မီတာ ၅၀၀၊ ၁၀ ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များလည်း ကျင်းပခဲ့ကာ အဆိုပါပြိုင်ပွဲများမှ တက်ရောက်လာသည့်အသင်းများ၏ ဗိုလ်လုပွဲကို ဩဂုတ် ၁၀ ရက်တွင် ဆက်လက်ကျင်းပခဲ့သည်။

“နဂါးလှေပြိုင်ပွဲဟာ အင်မတန် ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ဘယ်အသင်းကိုမှ လျှော့တွက်လို့မရဘူး။ အထူးသဖြင့် တာတိုပြိုင်ပွဲတွေမှာဆို အသင်းတွေအကြားကွာဟချက်က အင်မတန်နည်းပါတယ်”ဟု အဆိုပါပြိုင်ပွဲ၏ နိုင်ငံတကာ ဒိုင်လူကြီး ကျောက်ရှောင်လိက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်က နဂါးလှေပြိုင်ပွဲမှာ ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုကို ဖြစ်စေကြောင်း၊ တရုတ်နိုင်ငံတွင်းမှာသာမက ပြည်ပနိုင်ငံများတွင်ပါ ထင်ရှားလာပြီး ကမ္ဘာတစ်ဝန်းလူပေါင်းများစွာက အားလပ်ရက်များတွင် နဂါးလှေပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်လာကြသည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ကွင်းရေကန်၌ ကနူးလှေမာရသွန်ပြိုင်ပွဲ၏ဗိုလ်လုပွဲများကို သြဂုတ် ၉ ရက်က ကျင်းပခဲ့သေးပြီး ဒိန်းမတ်မှ မက်ဒ်ဘရန့်ဒ်ပီဒါဆန်က အမျိုးသား K1 တာတိုပြိုင်ပွဲတွင် ၁၃ မိနစ်၊ ၄၅ . ၄၆ စက္ကန့်ဖြင့်ပန်းဝင်ပြီး တောင်အာဖရိကမှ ဟာမစ်ရှ်လပ်ဖ်မိုးရ်နှင့် ပေါ်တူဂီမှ ဟိုဆေးရာမယ်ဟိုတို့ကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ရရှိခဲ့သည်။
အမျိုးသမီးကနူးလှေ K1 တာတိုပြိုင်ပွဲတွင် ဆွီဒင်မှ မီလီနာအန်ဒါဆန်က ၁၅ မိနစ်၊၂၀.၆၄ စက္ကန့်ဖြင့် ပန်းဝင်ပြီး ရွှေတံဆိပ်ရရှိကာ ဟန်ဂေရီမှ ဗန်ဒါကစ်ဇ်လီက ငွေတံဆိပ်၊ အီတလီမှ ဆူဆန်နာစီကာလီက ကြေးတံဆိပ်များဆွတ်ခူးခဲ့ပြီး တရုတ်မှ ကျိုးယွဲ့ရှင်းကမူ ပန်းဝင်နိုင်ခြင်းပင် မရှိခဲ့ပေ။ (Xinhua)
————————————–
(English Version)

Dragon boat makes debut as Indonesia claims gold at World Games
CHENGDU, Aug. 9 (Xinhua) — Dragon boat made its debut as an official sport at the World Games on Saturday, with Indonesia claiming the first gold medal in the open 8-seater 2,000m pursuit race.
Launching first on the Xinglong Lake Hubin Arena, the Indonesian crew powered to victory in a time of nine minutes 8.12 second. Host China followed closely to place second in 9:19.22, while Spain earned the bronze medal with a time of 9:23.75.

Saturday also featured semifinals for four additional events: open 8-seater 200m, open 8-seater 500m, 10-seater 200m, and 10-seater 500m. Finals for these events, along with the 10-seater 2,000m pursuit race, are scheduled for Sunday.
“The competition in dragon boat is very fierce,” said Zhao Xiaoli, an international referee for the event. “You cannot underestimate any team, especially in the short-distance races where the gaps between teams are very small.”
Zhao also highlighted the sport’s global appeal, suggesting its popularity overseas might rival or exceed that in China. “Worldwide, many people participate in this sport during their holidays.”
The venue also hosted canoe marathon finals on Saturday. Denmark’s Mads Brandt Pedersen took gold in the men’s K1 short distance event with a time of 13:45.46, ahead of South Africa’s Hamish Lovemore and Portugal’s Jose Ramalho.
In the women’s K1 short distance, Sweden’s Melina Andersson took top honors with a time of 15:20.64. Hungary’s Vanda Kiszli claimed silver and Italy’s Susanna Cicali secured bronze. China’s Zhou Yuexin did not finish the race.
Photo:
Indonesia in action during the open 8-seater 2,000m dragon boat pursuit race final at the 2025 World Games in Chengdu, southwest China’s Sichuan Province, Aug. 9, 2025. (Xinhua/Li Jianan)