Connect with us

Sport

အာရှဖလား အမျိုးသားဟော်ကီဗိုလ်လုပွဲသို့ အိန္ဒိယနှင့် တောင်ကိုရီးယားတက်ရောက်

တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၊ ဟားအယ်ပင်းမြို့၌ ကျင်းပခဲ့သည့် ၂၀၂၅ အာရှဆောင်းရာသီ အားကစားပွဲ၌ တရုတ်နှင့် တောင်ကိုရီးယားတို့ကစားခဲ့သည့် အမျိုးသား ရေခဲပြင်ဟော်ကီ အုပ်စု A ပွဲစဥ်တွင် တောင်ကိုရီးယားမှ Ahn Jinhui (ဝဲ) ယှဥ်ပြိုင်နေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ ဘီဟာပြည်နယ်တွင်ကျင်းပခဲ့သည့် ၂၀၂၅ အာရှဖလား အမျိုးသား ဟော်ကီပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ အိန္ဒိယနှင့်တောင်ကိုရီးယားအသင်းတို့ တက်ရောက်သွားကြကြောင်း သိရသည်။
စက်တင်ဘာ ၆ ရက်က ကစားခဲ့သည့် Super 4s ၏ နောက်ဆုံးအဆင့်တွင် အိန္ဒိယအသင်းက တရုတ်အသင်းကို ၇-၀ ရလဒ်ဖြင့် အနိုင်ရခဲ့သည်။ အိမ်ရှင်အသင်းမှာ ပထမပိုင်းအပြီးတွင် ၃-၀ ရလဒ်ဖြင့် ဦးဆောင်ခဲ့ပြီး သက်တောင့်သက်သာ နိုင်ပွဲရသွားခဲ့ခြင်းဖြစ်သည်။စက်တင်ဘာ ၆ ရက် အစောပိုင်းကစားခဲ့သည့်ပွဲစဥ်တွင် လက်ရှိချန်ပီယံ တောင်ကိုရီးယားအသင်းက မလေးရှားအသင်းကို ၁-၃ ဖြင့် ရှုံးနိမ့်နေရာမှ ပွဲအပြီးတွင် ၄-၃ ရလဒ်ဖြင့် ပြန်လည်အနိုင်ရအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။

အုပ်စုပတ်လည်ပြိုင်ပွဲများအပြီးတွင် အိန္ဒိယအသင်းက ၇ မှတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး တောင်ကိုရီးယား အသင်းက ၄ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့ကာ စက်တင်ဘာ ၇ ရက်၌ ပြုလုပ်မည့် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

တတိယနှင့် စတုတ္ထနေရာ အသီးသီးရရှိခဲ့သည့် မလေးရှားအသင်းနှင့် တရုတ်အသင်းတို့ကလည်း စက်တင်ဘာ ၇ ရက်တွင် ကြေးတံဆိပ် ဆွတ်ခူးနိုင်ရေးအတွက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ၁၀ ရက်ကြာကျင်းပ သည့် အဆိုပါပြိုင်ပွဲတွင် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကာဇက်စတန်၊ မလေးရှား၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် (တိုင်ပေ) စသည့် ၈ သင်းပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————————–
(English Version)
India, S. Korea reach men’s hockey Asia Cup final
NEW DELHI, Sept. 7 (Xinhua)
India and South Korea have secured their spots in the final of the 2025 Men’s Hockey Asia Cup held in India’s eastern state of Bihar.
India defeated China 7-0 in Saturday’s final round of Super 4s. The hosts took a comfortable 3-0 lead by halftime before cruising to a comfortable win.
Earlier in the day, defending champions South Korea clawed back from 3-1 down to edge Malaysia 4-3.
After the conclusion of the round-robin competition, India sat on top with seven points while South Korea ranked second with four. The two teams advanced into Sunday’s final.
Malaysia and China, placing third and fourth respectively, will contend for the bronze medal on Sunday.
The 10-day tournament features a total of eight teams, including India, Japan, China, Kazakhstan, Malaysia, South Korea, Bangladesh and Chinese Taipei. ■
Photo:
Ahn Jinhui (L) of South Korea competes during the men’s ice hocky group A match between China and South Korea at 2025 Asian Winter Games in Harbin, northeast China’s Heilongjiang Province, on Feb. 4, 2025. (Xinhua/Huang Wei)