Connect with us

CHINA

ကာကွယ်ဆေး၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်စွမ်း အလားအလာကို လက်တွေ့စမ်းသပ်မှု အချက်အလက်က ဖော်ပြနေကြောင်း Sinovac ပြော

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Sinivac Biotech လီမိတက်မှ ထုတ်လုပ်သော COVID-19 inactivated ကာကွယ်ဆေး နမူနာများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

Sinovac Biotech လီမိတက်က ၎င်းတို့၏ CoronaVac ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်မှုများအရ ဆိုးဝါးသည့် ဘေးထွက်ဆိုးကျိုးမဖြစ်စေဘဲ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုတစ်မျိုးကို ထုတ်ပေးနိုင်စွမ်းရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရန် စီစဉ်ထားသူ ၉၀ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေးထိုးပြီးနောက် နှစ်ပတ်အတွင်း အားနည်းနေသော ခန္ဓာကိုယ်တွင်း ရောဂါကာကွယ်ပေးသောပဋိပစ္စည်းများကို လှုံ့ဆော်ပေးခဲ့ကြောင်း ပေကျင်းမြို့အခြေစိုက် ကုမ္ပဏီ Sinovac က ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Sinivac Biotech လီမိတက်မှ ထုတ်လုပ်သော COVID-19 inactivated ကာကွယ်ဆေး နမူနာများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ပြုလုပ်သော ကာကွယ်ဆေးစမ်းသပ်မှု အဆင့် ၁ နှင့် အဆင့် ၂ မှ ကနဦးတွေ့ရှိချက်များ၌ အသက် ၁၈ နှစ်နှင့် ၅၉ နှစ်အကြားရှိသော ကျန်းမာသူ ၇၄၃ ဦးအား ကာကွယ်ဆေး စမ်းသပ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ၂၈ ရက်တာကာလအတွင်း ကာကွယ်ဆေးများ စမ်းသပ်ထိုးနှံထားသည့် နောက်ထပ်အဖွဲ့တစ်ဖွဲ့ထံမှ အချက်အလက်များ ပိုမိုရရှိရန် မျှော်မှန်းထားကြောင်း ကုမ္ပဏီက ဆိုသည်။ ထို့ပြင် စမ်းသပ်မှု အဆင့် ၃ ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၃,၀၀၀ ကျော်ရှိခဲ့သည့် ဘရာဇီးနိုင်ငံတွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Sinovac ၏ ကာကွယ်ဆေးသည် အများပြည်သူများ အသုံးပြုရန်အတွက် ခွင့်ပြုချက်မရရှိမီ လူသားများဖြင့် စမ်းသပ်ခြင်းနောက်ဆုံးအဆင့် ပြုလုပ်လျက်ရှိသော တရုတ်နိုင်ငံ လက်တွေ့စမ်းသပ်ဆဲ ကာကွယ်ဆေး ငါးမျိုးအနက် တစ်မျိုးဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.