INTERNATIONAL ORGANIZATION
ကမ္ဘာတစ်ဝန်း COVID-19 ဖြစ်ပွားမှု သန်း ၁၀၀ ရှိမည်ဟု WHO အကြီးအကဲခန့်မှန်း
ဂျီနီဗာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှု အရေအတွက်မှာ ယခုရက်သတ္တပတ်အတွင်း သန်း ၁၀၀ အထိ ရောက်ရှိလာမည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ တစ်နှစ်အကြာက ဒီလိုနေ့မှာ COVID-19 ဖြစ်ပွားမှုက တရုတ်နိုင်ငံ ပြင်ပမှ ၂၃ ခု အပါအဝင် အရေအတွက် ၁,၅၀၀ အောက်သာရှိခဲ့တယ်လို့ WHO က သတင်းဖော်ပြထားခဲ့ပါတယ်။ အခု သီတင်းပတ်မှာတော့ သန်း ၁၀၀ ထိ ရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ မှန်းထားတယ်” ဟု ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်သည့် WHO သတင်းစာရှင်းလင်းပွဲ၌ Tedros က ပြောခဲ့သည်။
“သေဆုံးတဲ့သူတိုင်းက တစ်စုံတစ်ယောက်ရဲ့ မိဘ၊ တစ်စုံတစ်ယောက်ရဲ့ ဘဝအဖော်မွန်၊ တစ်စုံတစ်ယောက်ရဲ့ ကလေး၊ တစ်စုံတစ်ယောက်ရဲ့ မိတ်ဆွေကို ကိုယ်စားပြုနေတဲ့ ဒီကိန်းဂဏန်းတွေက ကျွန်တော်တို့ကို ကြက်သေ သေသွားစေနိုင်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပြီး နိုင်ငံအားလုံးတွင် ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံခြင်းအား ၂၀၂၁ ခုနှစ် ပထမဆုံး ရက် ၁၀၀ အတွင်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် နောက်ဆုံး အစီရင်ခံစာနှစ်ခုအရ COVID-19 ကာကွယ်ဆေးများကို သာတူညီမျှစွာ မရရှိခြင်းက ကမ္ဘာကြီးအနေဖြင့် ကြီးမားသော ကိုယ်ကျင့်တရားဆုံးရှုံးမှုသာမက စီးပွားရေး ဆုံးရှုံးမှုကိုလည်းပဲ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားဈေးကွက်က ကပ်ရောဂါသက်ရောက်မှုကို လေ့လာဆန်းစစ်ထားသည့် နိုင်ငံတကာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့မှ အစီရင်ခံစာအသစ်အရ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်လုပ်ချိန် ၈.၈ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၇ ထရီလီယံနှင့် ညီမျှသော ကမ္ဘာ့အလုပ်သမား ဝင်ငွေကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
နိုင်ငံအများစုတွင် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ပေါ်မူတည်၍ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်၌ ပြန်လည်နာလန်ထူမည်ဟု အစီရင်ခံစာက ခန့်မှန်းထားသလို ဝင်ငွေနည်းနှင့် အလယ်အလတ်အဆင့်ရှိသော နိုင်ငံများတွင် စီးပွားရေးနှင့် အလုပ်အကိုင် နာလန်ထူရေး မြှင့်တင်ရန် ကာကွယ်ဆေး ရရှိမှုအတွက် နိုင်ငံတကာထောက်ပံ့မှုကိုလည်း အကြံပြုထားသည်။
နိုင်ငံတကာ ကုန်သည်ကြီးများ သုတေသနဖောင်ဒေးရှင်း၏ ဒုတိယမြောက် အစီရင်ခံစာတွင် ကာကွယ်ဆေး လက်ဝါကြီးအုပ်ဝါဒက ကမ္ဘာ့စီးပွားရေးကို အမေရိကန်ဒေါ်လာ ၉.၂ ထရီလီယံအထိ ကုန်ကျနိုင်ကြောင်း၊ ယင်အနက် ထက်ဝက်ဖြစ်သော ၄.၅ ထရီလီယံခန့်မှာ ချမ်းသာသည့်နိုင်ငံများတွင် ရှိကြောင်း သိရသည်။
စာချုပ်အရ WHO ဦးဆောင်သော ရှေ့ပြေးဆောင်ရွက်ချက်တစ်ခုဖြစ်သည့် Access to COVID-19 Tools Accelerator အတွက် ငွေကြေးကွာဟမှုမှာ ယခုနှစ်အတွက် ဒေါ်လာ ၂၆ ဘီလီယံရှိကြောင်း၊ အကယ်၍ ACT Accelerator အနေဖြင့် ရန်ပုံငွေ ပြည့်မီလာပါက ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးတိုင်းအတွက် ၁၆၆ ဒေါ်လာကျော် ပြန်လည်ပေးအပ်နိုင်လိမ့်မည်ဖြစ်ကြောင်း Tedros က ပြောခဲ့သည်။ (Xinhua)
——————————————
(English Version)
100 mln COVID-19 cases worldwide expected this week: WHO chief
“Numbers can make us numb to what they represent: every death is someone’s parent, someone’s partner, someone’s child, someone’s friend,” Tedros said, and called for vaccination of health workers and older people to be underway in all countries within the first 100 days of 2021.
GENEVA, Jan. 25 (Xinhua) — The number of COVID-19 cases worldwide is expected to reach 100 million within this week, said the Director-General of the World Health Organization (WHO) Tedros Adhanom Ghebreyesus.
“A year ago today, fewer than 1,500 cases of COVID-19 had been reported to WHO, including just 23 cases outside China. This week, we expect to reach 100 million reported cases,” Tedros said at a WHO press briefing on Monday.
“Numbers can make us numb to what they represent: every death is someone’s parent, someone’s partner, someone’s child, someone’s friend,” he added, and called for vaccination of health workers and older people to be underway in all countries within the first 100 days of 2021.
He also quoted two latest reports to show that without equitable access to COVID-19 vaccines, the world would have to face not only a catastrophic moral failure, but also an economic failure.
According to a new report from the International Labor Organization, which analyzes the impact of the pandemic on the global labor market, some 8.8 percent of global working hours were lost in 2020, resulting in a decline in global labor income equivalent to 3.7 trillion U.S. dollars.
The report projects that most countries will recover in the second half of 2021, depending on vaccination rollout, and recommends international support for the vaccine rollout in low- and middle-income countries and to promote economic and employment recovery.
The second report, commissioned by the International Chamber of Commerce Research Foundation, finds that vaccine nationalism could cost the global economy up to 9.2 trillion dollars, almost half of which, about 4.5 trillion, would be incurred in the wealthiest economies.
In contrast, the financing gap for the Access to COVID-19 Tools Accelerator, a WHO-led initiative, is 26 billion dollars this year, according to Tedros, who added that the ACT Accelerator, if fully funded, would return up to 166 dollars for every dollar invested.
“Vaccine nationalism might serve short-term political goals. But it’s in every nation’s own medium and long-term economic interest to support vaccine equity,” he said. ■
Photo taken in Brussels, Belgium on Aug. 6, 2020 shows World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus attending an online press conference held in Geneva, Switzerland. (Xinhua/Zhang Cheng)