Connect with us

WORLD

တရုတ်နိုင်ငံ အစိုးရမှ ပေးအပ်လှူဒါန်းသော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ကနေဒါနိုင်ငံသို့ ရောက်ရှိ

ကနေဒါနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါ၊ မေ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ ပေးအပ်လှူဒါန်းသော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများသည် ကနေဒါနိုင်ငံသို့ မေ ၁၁ ရက် ညပိုင်းက ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကနေဒါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ မေ ၁၂ ရက် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ 

အဆိုပါ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများတွင် PPE ဝတ်စုံ၊ မျက်မှန်၊ ပါးစပ်နှာခေါင်းစည်းနှင့် Isolation gown စသည်တို့ပါဝင်ပြီး စုစုပေါင်းအလေးချိန်အားဖြင့် ၃၂ တန် ရှိကြောင်း သိရသည်။ကနေဒါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချုံဖေဝူက တရုတ်-ကနေဒါ နှစ်နိုင်ငံသည် အေးတူပူအမျှ အတူဒွန်တွဲနေထိုင်ကြသည့်အစဉ်အလာရှိရာ COVID-19 ကပ်ရောဂါ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အပြန်အလှန် စောင့်ရှောက်ဖေးမကူညီခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားသည့်အခါ ကနေဒါနိုင်ငံ၏ အကူအညီများကို ရရှိခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ဤချစ်ကြည်ရေးသံယောဇဉ်ကို အစဉ်အမြဲ အမှတ်ရပါကြောင်း ပြောကြားခဲ့သည်။ 

လူသားမျိုးနွယ်သည် ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းဖြစ်ရာ ကပ်ရောဂါမှာ လူသားတို့၏ဘုံရန်သူဖြစ်ကြောင်း ၊ COVID-19ရောဂါ ဖြေရှင်းရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၏အတူတကွကြိုးပမ်းဆောင်ရွက်မှုဖြင့် ကပ်ရောဂါတိုက်ဖျက်မှု စစ်ဆင်ရေးကို စောလျဉ်စွာ အနိုင်ရကာ ကမ္ဘာ့ပြည်သူ ကျန်းမာရေးကို အတူ ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထိုမတိုင်မီ တရုတ်နိုင်ငံ ပြည်နယ်၊မြို့နှင့်ကုမ္ပဏီလုပ်ငန်းများကလည်း ကနေဒါနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.