Connect with us

WORLD

နီပေါနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၂,၀၀၀ကျော် ရှိလာ၊ ခရိုင် ၇၇ ခုစလုံးတွင် အတည်ပြုလူနာများ တွေ့ရှိရခြင်းဖြစ်

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၏ မြင်ကွင်းတစ်နေရာအား မတ် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီက COVID-19 ရောဂါအတည်ပြုလူနာ ၅၅၄ ဦး ထပ်တိုးလာပြီး စုစုပေါင်း ၁၂,၃၀၉ ဦး ရှိလာကြောင်း ၊ အသစ်ထပ်တိုးလူနာများတွင် ၉ ဦးသည် ယခင်က ရောဂါမတွေ့ရှိသေးသော Rasuwa ခရိုင်မှဖြစ်ကြောင်း နီပေါ ကျန်းမာရေးနှင့်လူဦးရေ ဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ယခုအခါ နီပေါနိုင်ငံ တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၇၇ ခုစလုံးတွင် COVID-19ရောဂါအတည်ပြုလူနာတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိန်းဂဏန်းများအရ နီပေါတွင် COVID-19ကြောင့်သေဆုံးသူ ၂၈ ဦး ရှိပြီး ရောဂါ သက်သာပျောက်ကင်းလာသူ ၂,၈၀၀ ဦးရှိကြောင်းနှင့် လူပေါင်း ၅ သိန်းကျော်ကို ရောဂါစစ်ဆေးမှုများပြုလုပ်ထားကြောင်း သိရသည်။နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် နီပေါနိုင်ငံအစိုးရသည် မတ် ၂၄ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ ဇွန် ၁၀ ရက်တွင် သက်ဆိုင်ရာ ပိတ်ဆို့မှုများအား တစ်စတစ်စ ဖြေလျှော့မှုများပြုလုပ်ခဲ့သည့်နောက်ပိုင်း ကူးစက်သူဦးရေ လျင်မြန်စွာ မြင့်တက်ခဲ့သည်။ တစ်နိုင်ငံလုံးတွင် လူလူချင်းကူးစက်မှုများ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ပွားသေးဟု  နီပေါနိုင်ငံအစိုးရ ယူဆထားသည်။ နီပေါ ကျန်းမာရေးနှင့်လူဦးရေဝန်ကြီးဌာန လက်အောက်ရှိ ကူးစက်ရောဂါနှင့်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန တာဝန်ခံ  Dr. Basudev Pandey က ရောဂါကူးစက်မှု၏ ၉၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြန်လာကြသည့် နီပေါနိုင်ငံသားများဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.