WORLD
အမေရိကန်နိုင်ငံတွင် COVID-19ရောဂါကြောင့် သေဆုံးသူ ၁ သိန်း ၄ သောင်းကျော် ရှိလာဟု ဂျွန်ဟော့ကင်း တက္ကသိုလ် ဆို
နယူးယောက်၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁ သိန်း ၄ သောင်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ဇူလိုင် ၁၈ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ၂၀ နာရီ ၅၀ မိနစ် အထိ အမေရိကန်နိုင်ငံတွင် COVID-19ရောဂါကြောင့် သေဆုံးသူ ၁၄၀,၁၀၃ဦး ရှိလာပြီဖြစ်ပြီး စုစုပေါင်းရောဂါဖြစ်ပွားသူ ၃,၇၀၆,၉၂၇ ဦး ရှိကြောင်း သိရသည်။နယူးယောက်ပြည်နယ်သည် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးဖြစ်ပြီး COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၄၀၆,၃၀၅ ဦး၊သေဆုံးသူ ၃၂,၄၇၈ ဦးရှိကာ နယူးဂျာစီပြည်နယ်တွင် သေဆုံးသူ ၁၅,၆၉၉ ဦး ရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား ဇူလိုင် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား ဇူလိုင် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
သေဆုံးသူ ဦးရေ ၅,၀၀၀ ကျော်သော ပြည်နယ်များ မက်ဆာချူးဆက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပင်ဆယ်ဗေးနီးယားပြည်နယ် ၊ မီချီဂန်ပြည်နယ် တို့ဖြစ်ကြောင်း သိရသည်။ကမ္ဘာတစ်ဝန်း COVID-19ရောဂါကြောင့် သေဆုံးသူ ၆ သိန်းကျော်ရှိလာပြီဖြစ်ရာ သေဆုံးသူ ဦးရေး ၃ သောင်းကျော်သည့် နိုင်ငံများမှာ ဘရာဇီး၊ ဗြိတိန်၊ မက္ကဆီကို၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့ဖြစ်သည်။အထက်ပါကိန်းဂဏန်းများသည် ဂျွန်ဟော့ကင်းတက္ကသိုလ် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သုတေသနာ စီမံကိန်းမှ နိုင်ငံနှင့်ဒေသ အသီးသီး၏အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီစုစည်းထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)