Connect with us

WORLD

တောင်အာဖရိကနိုင်ငံတွင် စွမ်းအင်ဝန်ကြီး COVID-19 ရောဂါ ကူးစက်ခံရသဖြင့် ဆေးရုံတက် ရောက် ကုသမှုခံယူနေ 

တောင်အာဖရိက နိုင်ငံသားများက နှာခေါင်းစည်းတပ်၍ အခမဲ့ပေးဝေနေသည့် အစားအသောက်များအား တန်းစီ စောင့်ဆိုင်းနေစဉ်(ဆင်ဟွာ)

 

ကိပ်တောင်း ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

လတ်တလောရက်ပိုင်းတွင် COVID-19 ရောဂါ ကူးစက်ခံထားရသော တောင်အာဖရိက နိုင်ငံ သတ္တုတွင်းထွက်အရင်းအမြစ် နှင့် စွမ်းအင် ဝန်ကြီးဌာနဝန်ကြီး GwedeMantashe အနေဖြင့် နေအိမ် တွင် သီးသန့်ခွဲခြား နေထိုင်ရာမှ ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူနေရကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

ယင်း၏ထုတ်ပြန်ချက်တွင် ဝန်ကြီး GwedeMantashe နှင့် ဇနီး တို့ သည် လွန်ခဲ့သည့် တစ်ပတ်က ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နေအိမ်တွင် သီးသန့်ခွဲခြားကုသမှု ခံယူခဲ့ကြောင်း ၊ ဆရာဝန် ၏ အကြံပြုချက်အရ GwedeMantashe အနေဖြင့် ဇူလိုင် ၂၀ ရက်တွင် ဆေးရုံ သို့ တက်ရောက်ကုသမှု ခံယူခဲ့ရပြီး ၎င်း၏ ဇနီးမှာ နေအိမ် တွင် ဆက်လက် ကုသမှု ခံယူနေဆဲဖြစ်ကြောင်းသိရသည်။

တောင်အာဖရိက နိုင်ငံတွင် စွမ်းအင်ဝန်ကြီး GwedeMantashe အပြင် တောင်အာဖရိက နိုင်ငံ အလုပ်အကိုင် နှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ၊ ကာကွယ်ရေး နှင့် အငြိမ်းစား စစ်မှုထမ်းဟောင်း ဝန်ကြီးဌာန ဝန်ကြီး တို့သည်လည်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း ၊ လက်ရှိချိန်တွင် ကာကွယ်ရေး နှင့် အငြိမ်းစား စစ်မှုထမ်းဟောင်း ဝန်ကြီးဌာန ဝန်ကြီးမှာ  ရောဂါ ပြန်လည် သက်သာလာပြီဖြစ်သော်လည်း အလုပ်အကိုင် နှင့် အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးမှာမူ  နေအိမ် တွင် ဆေးဝါ ကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ တောင်အာဖရိက နိုင်ငံ အစိုးရ အဖွဲ့ တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ၃ ဦး COVID-19 ရောဂါ ကူးစက်ခံရပြီး ရောဂါ မပြင်းထန်သဖြင့် နေအိမ် တွင် ဆေးဝါး ကုသမှု ခံယူနေကြောင်း သိရသည်။လတ်တလောရက်ပိုင်းအတွင်း တောင်အာဖရိက နိုင်ငံ၌ ကပ်ရောဂါ အခြေအနေ ဆိုးရွား လာခဲ့ပြီး တစ်ရက်လျှင် ကူးစက်ခံရသူအသစ် တစ်သောင်းကျော် အထိ တိုးမြင့်လာ ခဲ့ကြောင်း ၊ လက်ရှိချိန်ထိ တောင်အာဖရိက နိုင်ငံ တွင် ရောဂါ ကူးစက်ခံရသူ ၃၆၄,၃၂၈ ဦး အထိ ရှိလာ ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅,၀၃၃ ဦး အထိ ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.