WORLD
ဂါနာနိုင်ငံ၌ COVID-19 ကာကွယ်ဆေး ခိုးယူမှုဖြင့် လူ ၃ ဦးအဖမ်းခံရ
အက်ခရာ ၊ မတ် ၂၁ ရက်(ဆင်ဟွာ)
ဂါနာနိုင်ငံ ကျန်းမာရေးဌာနမှ ဝန်ထမ်းသုံးဦးအား COVID-19 ကာကွယ်ဆေး ခိုးယူမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ရောဂါထိန်းချုပ်ရေးဌာနမှ အရာရှိ တစ်ဦးဖြစ်သူ Stephen Dzisenu ၊ လုပ်ငန်းခွင်ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေးဌာနမှ အရာရှိ တစ်ဦးဖြစ်သူ Cosmos Allotey နှင့် ဓာတ်ခွဲခန်း လက်ထောက် တစ်ဦးဖြစ်သူ Joseph Knight Gaissie တို့အား Covishield ကာကွယ်ဆေး ၃၆ ပုလင်း ခိုးယူမှုဖြင့် Greater Accra ဒေသ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရောဂါထိန်းချုပ်ရေး အရာရှိ Dzisenu က ကာကွယ်ဆေးများကို ခိုးယူပြီး လုပ်ငန်းခွင်ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေး အရာရှိ Allotey ထံသို့ ပေးပို့ခဲ့ကြောင်း ၊ အဆိုပါ ကာကွယ်ဆေးများကို Allotey က ဆေးတစ်ခါထိုးစာအတွက် ဂါနာငွေ cedis ၂၀၀ (အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉)ဖြင့် ဝယ်ယူသူများထံသို့ ရောင်းချပေးခဲ့ကြောင်း ၊ ဓာတ်ခွဲခန်း လက်ထောက် Gaissie သည် ကာကွယ်ဆေးခိုးယူမှုတွင် အားပေးကူညီခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထို့ပြင် အခြား ရောဂါထိန်းချုပ်ရေး အရာရှိတစ်ဦးဖြစ်သူ Lord Pabitey ကိုလည်း အဆိုပါ Covishield ကာကွယ်ဆေး သိုလှောင်ခန်းမှ ဆေး ၂၆ ပုလင်း ခိုးယူမှုဖြင့် အရေးယူနိုင်ရန်ဆောင်ရွက်နေပြီး ၎င်းသည် လက်ရှိတွင် ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)
—————————————
(Englishh Version)
3 arrested for allegedly stealing COVID-19 vaccines in Ghana
ACCRA, March 20 (Xinhua) — Three employees of the Ghana Health Service have been arrested for allegedly stealing COVID-19 vaccines, police said Saturday.
The Greater Accra regional police arrested Stephen Dzisenu, a disease control officer, Cosmos Allotey, an occupational health and safety officer, and Joseph Knight Gaissie, a laboratory assistant, for allegedly stealing 36 vials of Covishield vaccines.
“Dzisenu allegedly stole the vaccines and delivered them to Allotey, who administered to clients at the cost of 200 Ghana cedis (34.9 U.S. dollars) per jab. Gaisie is being held for abetment of crime in the stealing case,” the police said.
“Additionally, Lord Pabitey, another employee, a disease control officer, now at large also allegedly stole 26 vials of the same vaccines from storage,” said the police. Enditem