Connect with us

WORLD

အစ္စရေးနိုင်ငံတွင် COVID-19 အတည်ပြုလူနာသစ် ၁၆၃ ဦးရှိ၊ စုစုပေါင်း ဗိုင်းရပ်ကူးစက်ခံရသူ ၁၃,၆၅၄ ဦးထိရှိလာ

အစ္စရေးနိုင်ငံ ၏ စျေးဝယ်စင်တာ အပြင်ဘက်တွင် ကိုယ်အပူချိန် တိုင်းတာနေစဉ် (ဆင်ဟွာ)

ဂျေရုစလင်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) 

 အစ္စရေးနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၁၆၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဧပြီ ၂၀ ရက်တွင် ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၁၃,၆၅၄ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။

ဧပြီ ၁၉ ရက် ညနေပိုင်းမှ စတင်ကာ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁ ဦး ရှိပြီး၊ အစ္စရေးတစ်နိုင်ငံလုံးတွင် စုစုပေါင်း သေဆုံးသူ ၁၇၃ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဆေးရုံများတွင် ကုသမှုခံယူနေရသူ ၅၃၇ ဦးအနက် စိုးရိမ်ရသည့် လူနာအရေအတွက်မှာ ၁၄၆ ဦးမှ ၁၅၀ ဦး သို့ တိုးလာကြောင်း သိရသည်။ အစ္စရေးနိုင်ငံတွင် ရောဂါ ပြန်လည်သက်သာကောင်းမွန်လာသူ ၁၁၈ ဦး ထပ်မံရှိခဲ့ရာ ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း ၃,၈၇၂ ဦးထိ ရှိလာခဲ့သည်။ 

 ဤအတောအတွင်းအစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ ဂျူး အူထရာအော်သိုဒေါ့ ဘာသာရေးမြို့ဖြစ်သည့် Bnei Brak နှင့်ဂျေရုဆလင်မြို့ရှိ ရပ်ကွက် ၁၇ ခုအား ပိတ်ဆို့ထားမှုသည် ဧပြီ၁၉ ရက် ညဉ့်သန်းခေါင်ယံအချိန်တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါကူးစက်မှု မြင့်မားခဲ့ခြင်းကြောင်း ယင်းနေရာများ အား အသွားအလာကန့်သတ်ခြင်း ကြေညာခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။အစ္စရေးအစိုးရအနေဖြင့် မကြာမီကာလအတွင်း ၎င်းနေရာများအား ကန့်သတ်မှုများ ပြန်လည် လုပ်ဆောင်သွားဖွယ်ရှိနေသည်။ ကူးစက်မှုနှုန်း လျော့နည်းသွားသည့်အတွက် ယခုအကြိမ်တွင် ကန့်သတ်မှုများကို ယခင်ကလောက် တင်းတင်းကြပ်ကြပ် လုပ်ဆောင်သွားမည်မဟုတ်ကြောင်း သိရသည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.