Connect with us

WORLD

COVID-19 တိုက်ဖျက်ရန် တရုတ်နိုင်ငံမှပေးပို့သော ဆေးဘက်ဆိုင်ရာပစ္စည်းအကူအညီသစ်များ အာဂျင်တီးနားနိုင်ငံသို့ရောက်ရှိ

တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီသော ဆေးဘက်ဆိုင်ရာ အကူအညီများ အာဂျင်တီးနားနိုင်ငံ ဗျူနိုစ်အဲရစ်မြို့သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဗျူနိုစ်အဲရစ် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရန်အတွက် တရုတ်နိုင်ငံမှ ထပ်မံ ကူညီပေးပို့သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း ၁၄ တန်ကို အာဂျင်တီးနားနိုင်ငံက လက်ခံရရှိခဲ့ကြောင်း အာဂျင်တီးနားနိုင်ငံ သမ္မတရုံးမှ ဧပြီ ၂၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ပထမ အသုတ်အနေဖြင့် ပေးပို့သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ၁၃တန် တင်ဆောင်လာသည့် လေယာဉ်တစ်စင်း ဆိုက်ရောက်ပြီး နှစ်ရက်အကြာတွင် နောက်ထပ် အထောက်အပံ့များတင်ဆောင်လာသော ဗျူနိုစ်လေကြောင်းလိုင်းမှ ထောက်ပို့လေယာဉ်တစ်စင်းသည် အာဂျင်တီးနားနိုင်ငံ Ezeiza နိုင်ငံတကာလေဆိပ်သို့ ထပ်မံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပို့လေယာဉ်ကို အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး  Gines Gonzalez ၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Meoni တို့ နှင့်အတူ လေကြောင်းဌာနအကြီးအကဲ Pablo Ceriani က  လေဆိပ်၌ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

အဲဘတ်စ် ၃၃၀-၂၀၀ ထောက်ပို့လေယာဉ်ကြီးသည် အကူအညီပစ္စည်းများတင်ဆောင်ကာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားနိုင်ငံ၌ COVID-19 ရောဂါ စတင်ပျံ့နှံ့ကတည်းက ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သော တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ PPE များအပါအဝင် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ပေးပို့နိုင်ရန် တရုတ်နိုင်ငံ နှင့် အာဂျင်တီးနား နိုင်ငံတို့အကြား ပထမဆုံး တိုက်ရိုက်လေကြောင်း ပျံသန်းရေးကို အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

နောက်ထပ် ထောက်ပံ့ရေးပစ္စည်းများစွာလည်း လာမည့်ရက်သတ္တပတ်များတွင် အာဂျင်တီးနားနိုင်ငံသို့ ထပ်မံရောက်ရှိရန် ရှိနေသည်။“ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အကူအညီပေးရေး အစီအစဉ်ကို လုပ်ဆောင်နိုင်ခဲ့ခြင်းအပေါ် ကျွန်တော်တို့ အရမ်းကို ကျေနပ်ပျော်ရွှင်မိပါတယ်၊ တရုတ်နိုင်ငံအစိုးရဟာ ဒီအစီအစဉ်တစ်ခုလုံးကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနေတာပါ” ဟု Ceriani က ဆိုသည်။ဧပြီ ၂၀ ရက် နံနက်ပိုင်းအထိ အာဂျင်တီးနားနိုင်ငံတွင် COVID-19 ဖြင့်သေဆုံးသူ ၁၃၆ ဦးအပါအဝင် အတည်ပြုလူနာပေါင်း ၂,၉၄၁ ဦးရှိခဲ့ကြောင်း သိရသည်။(Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.