Connect with us

WORLD

သီရိလင်္ကာနိုင်ငံတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Sinopharm ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အတည်ပြု

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် အမျိုးသားတစ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဉ် (ဆင်ဟွာ)

 

ကိုလံဘို၊ မတ် ၂၀ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၏ အမျိုးသားဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (NMRA) သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Sinopharm COVID-19 ကာကွယ်ဆေးအား နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် မတ် ၂၀ ရက်တွင် အတည်ပြုခဲ့ကြောင်း ဆေးဝါးထုတ်လုပ်မှု၊ ပံ့ပိုးမှုနှင့် ထိန်းချုပ်ရေးဝန်ကြီး Channa Jayasumana ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါကာကွယ်ဆေးသည် AstraZeneca နှင့် ရုရှားနိုင်ငံထုတ် Sputnik V အပြင် နိုင်ငံအတွင်း အတည်ပြုပေးခဲ့သည့် တတိယမြောက် COVID-19 ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဆေးဝါးကော်ပိုရေးရှင်း (SPC) အနေဖြင့် တရုတ်နိုင်ငံမှထုတ်လုပ်သည့် Sinovac ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ပေးရန် NMRA သို့ လျှောက်ထားခဲ့ကြောင်း SPC မှ အထွေထွေမန်နေဂျာ Dinusha Dassanayake က မတ်လအစောပိုင်းတွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် ရှေ့တန်းတွင် ဆောင်ရွက်လျက်ရှိသည့် အလုပ်သမားများနှင့် ကျန်းမာရေးဝန်ထမ်းများအား AstraZeneca ကာကွယ်ဆေးထိုးနှံပေးပြီးသည့် နောက်ပိုင်းတွင် လူထုကာကွယ်ဆေးထိုးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီလလယ်မှစ၍ အနောက်ပိုင်းပြည်နယ်ရှိ မြို့ပြတွင် နေထိုင်သည့် အသက် ၃၀ နှစ်အထက် ရှိသူအားလုံးအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် AstraZeneca ကာကွယ်ဆေးများကို ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံမှ လက်ခံရရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်မှုဖြင့်ဆောင်ရွက်သည့် COVAX အစီအစဉ်ဖြင့် AstraZeneca ကာကွယ်ဆေး ၂၆၄,၀၀၀ အား လက်ခံရရှိခဲ့ပြီး ယင်းကာကွယ်ဆေးများအား အသက် ၆၀ နှစ်အထက် လူကြီးများအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Sri Lanka approves China’s Sinopharm vaccine for emergency use
COLOMBO, March 20 (Xinhua) — Sri Lanka’s National Medicines Regulatory Authority (NMRA) on Saturday approved the China-produced Sinopharm COVID-19 vaccine for emergency use in the island country, according to Sri Lankan State Minister of Production, Supply and Regulation of Pharmaceuticals Channa Jayasumana.
This is the third COVID-19 vaccine to be approved in the country after the AstraZeneca and Russia’s Sputnik V vaccines.
Earlier this month, General Manager of the State Pharmaceutical Corporation (SPC) Dinusha Dassanayake said the SPC had also made an application to the NMRA to clear China’s Sinovac vaccine for emergency use.
Sri Lanka is in the midst of a mass vaccination program as it began inoculating all those above 30 years old in the urban Western Province from mid-February, after vaccinating frontline workers and health workers with the AstraZeneca doses.
Sri Lanka received AstraZeneca doses from India in January and February. It also received 264,000 doses of the AstraZeneca vaccine under the World Health Organization-led COVAX facility which is being administered to those above the age of 60 years. Enditem
Photo- A man receives a dose of COVID-19 vaccine in Colombo, Sri Lanka, Feb. 15, 2021.