Connect with us

News

တရုတ်နိုင်ငံနှင့် GCC တို့ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု အလေးထားဆောင်ရွက်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံနှင့် အာရပ် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကောင်စီ ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် အာရပ် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကောင်စီ (GCC) သည် နိုင်ငံများအကြား ကပ်ရောဂါတိုက်ဖျက်ရေး အလေးထားမှုတစ်ခုဖြစ်လာကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပသော တရုတ်-GCC ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်စဉ် ဝမ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ဘာရိန်း နိုင်ငံများတွင် ကမ္ဘာ့ ပထမဆုံး COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့် ၃ ဆောင်ရွက်နေပြီဖြစ်သလို လူဦးရေ ၄၄,၀၀၀ ကို ကာကွယ်ဆေးထိုးနှံထားသည်မှာလည်း တည်ငြိမ်စွာဖြင့် ဆေးအာနိသင်ထိရောက်မှု ရှိနေပြီဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ကာကွယ်ဆေးအတွက် ဒေသအတွင်းရှိ ပြည်သူများ အမှန်တကယ်လိုအပ်ချက်များကို အလေးထားကာ တက်ကြွစွာ တုံ့ပြန်ရန် ဆန္ဒရှိကြောင်း၊ GCC နိုင်ငံများနှင့် အေးအတူ၊ ပူအမျှအသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရန် ခိုင်မာသောဆောင်ရွက်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။

တရုတ်နိုင်ငံနှင့် GCC နိုင်ငံတို့သည် နိုင်ငံစုံပါဝင်ရေးဝါဒကို လိုက်နာစောင့်ထိန်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် GCC နိုင်ငံများကို ၎င်းတို့၏ နိုင်ငံရေး လုံခြုံမှုနှင့် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် တစ်နိုင်ငံချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လိုက်လျှောက်ရန် ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ထို့ပြင် ဆက်စပ်သောနိုင်ငံများအနေဖြင့် ထိရောက်သော ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အောက်တွင် ကပ်ရောဂါအလွန် စီးပွားရေးတည်ဆောက်မှုကို ဆောင်ရွက်သွားသင့်ကြောင်း၊ တရုတ်- GCC လွတ်လပ်သောကုန်သွယ်မှုဧရိယာ ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်သင့်ကြောင်း၊ အချက်အလက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး၊ အရေးပါသော ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းများ ပူးတွဲတည်ဆောက်မှု မြှင့်တင်ရေးနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ စိတ်အားထက်သန်စွာ ဆောင်ရွက်ရေးများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်က ဆိုသည်။

GCC နိုင်ငံများမှ ဝန်ကြီးများကလည်း တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံများ၏ အကြီးမားဆုံး တင်ပို့သူနှင့် တင်သွင်းသူများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
GCC နိုင်ငံများသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ စောင့်ထိန်းကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးပြည့်မီစွာ ပူးတွဲတည်ဆောက်ရန် ဆန္ဒရှိကြောင်း၊ ဒေသတွင်း ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ တက်ကြွစွာနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍအတွက် ကျေးဇူးတင်ကြောင်းနှင့် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန် ဆက်စပ်သောအဖွဲ့များကို တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.