Culture & Entertainment
နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် ဆောင်ရွက်ကြမည့် အချိန်ဖြစ် ဟု မန္တလေး ဝန်ကြီးချုပ်ပြော
မန္တလေး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
ယခု ကျရောက်သော မြန်မာ့ရိုးရာနှစ်သစ်ကူး အချိန်အခါကာလသည် နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် နိုင်ငံသား အားလုံးက စည်းလုံး ညီညွတ်စွာ ဆောင် ရွက် ကြမည့် အချိန်အခါ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ၁၃၇၉ ခုနှစ် မြန်မာ့ ရိုးရာ သြင်္ကန်ပွဲတော် မန္တလေးမြို့တော် မဟာ သြင်္ကန် မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
“နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှု ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံသားတို ့ရဲ့ လူမှုဘ၀ မြှင့်တင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုကြီး တည်ထောင်ရေးတို့ကို နိုင်ငံတော် အစိုးရနဲ့ အတူ အဟုန်ပြင်းပြင်းဆောင်ရွက်ကြရမယ့် နှစ်သစ် ဖြစ်တယ်လို့လည်း မှာကြားလိုပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မန္တလေးသြင်္ကန် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)
မန္တလေးသြင်္ကန် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)
မန္တလေးသြင်္ကန် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)
မန္တလေးသြင်္ကန် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)
မန္တလေးသြင်္ကန် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)
ထို့အပြင် ၎င်းက “ မနှစ်က မန္တလေး လမ်းလျှောက် သြင်္ကန်ဟာ လူတိုင်း ပျော်ရွှင်မှု စိတ်ကျေနပ် မှုတွေ ဆောင်ကြဉ်းပေးနိုင်ခဲ့လို့နာမည်ကြီးခဲ့ပါတယ်၊ အခြေခံ စိတ်ထားကောင်းမွန်တဲ့ နိုင်ငံတော်သူ နိုင်ငံသားတွေအနေနဲ့ မိမိတို့မှာ ရှိနှင့်ပြီးသား မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ်၊ သည်းခံစိတ် တွေနဲ့အတူ နိုင်ငံတော် ငြိမ်းချမ်းရေး ရရှိအောင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဝိုင်းဝန်း ဆေင်ရွက်ပေး ကြစေလိုပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
နံနက် ၇ း ၃၀ နာရီတွင် စတင်ခဲ့သော အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားအပြီးတွင် မြို့မိမြို့ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ဝန်ကြီးးချုပ်၊ မန္တလေး မြို့တော်ဝန်နှင့် အစိုးရအဖွဲ့ဝင်များက ငြိမ်းချမ်းရေး မိုးပျံ ပူဖောင်းများ လွှတ်တင်ခဲ့ကြပြီး မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လှပျိုဖြူ ယိမ်းသမများနှင့် ကျောင်းသူကလေး ငါးရာဦးတို့က အကများဖြင့် ကြွရောက်လာသော ပရိသတ်တို့ အား ဖြေဖျော်ခဲ့ကြသည်။
ထို့အတူ ရှေးရိုးရာ အစဉ်အလာဖြစ်သော နှစ်သစ်ကူး အမိန့်တော် ပြန် ဝန်မင်းနှင့် မင်္ဂလာ စည်တော် အဖွဲ့က မြို့မ ငွေငန်းကားကြီးအပါအဝင် သြင်္ကန်အလှကား၊ သံချပ်ကားနှင့် ကျောက်ဆည် ဆင်အက ကားများအား ဦးဆောင်ကာ ဗဟိုမဏ္ဍပ်ရှေ့မှ ဖြတ်သန်းလျက် သရုပ်ပြခြင်း၊ သီဆိုကပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ယမန်နှစ်က စတင်ပြီး နာမည်ရခဲ့သော မန္တလေး လမ်းလျှောက် သြင်္ကန်ကို ၂၆ လမ်း နှင့် ၇၇ လမ်းထောင့်မှ စတင် ဖွင့်လှစ်ပြီး မဟာသြင်္ကန် အကြိုနေ့ကို စည်ကား သိုက်မြိုက်စွာ ဆင်နွဲခဲ့ကြ သည်။ (Xinhua)