Connect with us

Education & Health

တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်တစ်ခု ဖြေဆိုပြီးတိုင်း ဝင်ရောက်ဖြေဆိုသူ လျော့နည်းလာ

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေ နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဦးရေမှာ စုစုပေါင်း ၈၄၄,၃၅၈ ဦးရှိပြီး မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၇၈၉,၈၈၃ ဦး၊ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၇၈၉,ဝ၇ဝ နှင့် သင်္ချာဘာသာ ဝင်ရောက်ဖြေဆိုသူ ၇၈၈,၅ဝ၄ ဦးရှိသည့်အတွက် ဘာသာရပ် တစ်ခုဖြေဆိုပြီးတိုင်း ဖြေဆိုသူလျော့နည်းလာပြီး သင်္ချာဘာသာဖြေဆိုသည့် ယနေ့အထိ ၅၅,၈၅၄ ဦး လျော့နည်းလာကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

နေပြည်တော်တွင် မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၂၂,၃၈၉ ဦးရှိရာမှ အင်္ဂလိပ် ဘာသာ ဝင်ရောက်ဖြေဆိုသူ ၂၂,၃၅၇ ဦးနှင့် သင်္ချာဘာသာ ဝင်ရောက်ဖြေဆိုသူ ၂၂,၃၃၆ ဦးသို့ လျော့နည်းလာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁,၈၅၁ ဦးရှိရာမှ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁၆၇၂ ဦးနှင့် သင်္ချာဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁,၅၂၃ ဦးသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၁၁၁,၃၉၇ ဦးရှိရာမှ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁,၂၆ဝ နှင့် သင်္ချာဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁,၁၈၈ ဦးသို့ လျော့နည်းလာကြောင်း သိရသည်။

အလားတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မြန်မာ၊ အင်္ဂလိပ်နှင့် သင်္ချာဘာသာရပ် ဖြေဆိုပြီးချိန်တွင် ဘာသာရပ်တစ်ခု ဖြေဆိုပြီးတိုင်း ဝင်ရောက်ဖြေဆိုသူ လျော့နည်းလာသည်။ထို့ကြောင့် သင်္ချာဘာသာရပ် ဖြေဆိုပြီးချိန်တွင် ကျန်ရှိသည့် ဘာသာရပ်များ ဖြေဆိုရန် စာရင်းရှိ ဦးရေ ၇၈၈,၅ဝ၄ ဦး ရှိကြောင်း သိရပြီး သင်္ချာဘာသာရပ် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၃.၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)