Education & Health
ရန်ကုန်တိုင်းဒေသကြီးတွင် ပုဂ္ဂလိက ဆေးခန်းများအား ရှောင်တခင်စစ်ဆေး
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း ဦးဆောင်သည့်အဖွဲ့က လူမှုကွန်ရက်တွင် အမည်ထွက်နေသောဆေးခန်း၂ခုဖြစ်သည့် လူထုမေတ္တာ(မရမ်းကုန်း)နှင့် ရောင်နီဦးဆေးခန်းတို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
မတ်လ ၂၂ ရက်နေ့မွန်းလွဲ ၁ နာရီက ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ရွာမကျောင်းလမ်းရှိ ရောင်နီဦးဆေးခန်းတို့မှာ လုပ်ငန်းလိုင်စင်ရှိသော်လည်း စည်းမျဉ်း၊စည်းကမ်းများ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း တွေ့ရှိ၍ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ဝန်ကြီးဦးဆောင်၍ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရာတွင် တရားမဝင်နိုင်ငံခြားသားဆေးကုသသူများ တရားမဝင်ဆေးကုသပေးခြင်းရှိမရှိ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်ရှိမရှိ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီဆောင်ရွက်ခြင်းရှိမရှိ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းမျဉ်း၊စည်းကမ်းများအား လိုက်နာခြင်းရှိမရှိ တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)