Connect with us

Education & Health

အလုံမြို့နယ် အလုံဈေး ရှိ အစားအသောက်များနှင့် ဆေးဆိုင်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေး

အလုံမြို့ နယ် အလုံဈေး ရှိ အစားအသောက်များနှင့် ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ် (YGN FDA)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အလုံဈေး ရှိ အစားအသောက်များနှင့် ဆေးဆိုင်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၊ သတ်မှတ်ချက် နှင့်ကိုက်ညီမှုမရှိသည့်ဆေးဆိုင်များကို အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးသူဈေးသားများကိုလည်းအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ယနေ့သတင်းထုတ်ပြန်သည်။

မတ်လ ၁၉ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ရန်ကုန်အနောက်ပိုင်းမှတာဝန်ရှိသူများ၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ဝင် များ(မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စည်ပင်၊ထွေအုပ်၊ ရဲတပ်ဖွဲ့)တို့ဖြင့် အလုံ မြို့နယ်၊ အလုံဈေးတွင်မုန့်ဖတ်၊ ခေါက်ဆွဲ၊ ပဲပြား၊ ငါးပိ စသည့် အစားအသောက်များတွင် ခွင့်မပြုဓာတုပစ္စည်းများ ထည့်သွင်းအသုံးပြုထားခြင်းရှိ/မရှိ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝယ်ယူစစ်ဆေးခဲ့ရာ သတ်မှတ်ချက်နှင့်ကိုက်ညီသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

စားသုံးဆီနှင့်ငရုတ်သီးမှုန့်နမူနာများအားလည်း ဓါတ်ခွဲစစ်ဆေးရန် ဝယ်ယူခဲ့ကြောင်း၊

ထို့ပြင် ဈေးအနှီးရှိ ဆေးဆိုင်များတွင် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ်(Good Pharmacy Practice)နှင့်အညီ သန့်ရှင်းသပ်ရပ်စွာရောင်းချမှု ရှိ/မရှိ၊ ဆေးဝါးရောင်းချမှုလိုင်စင် ရှိ/မရှိ၊ မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါသော ဆေးဝါး(လိုင်းဆေး) များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ နှင့် စပ်ဆေးများ ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.