Education & Health
မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း စာရင်းဇယား များ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နှင့် IT ပညာရှင် များ ညှိနှိုင်းဆွေးနွေးပွဲကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဆေးရုံ၊ ဆေးခန်းပြင်ပ လူမှုပတ်ဝန်းကျင်တွင် သေဆုံးသောသူများ၏ သေဆုံးမှု မှတ်ပုံတင်ခြင်းကို Vibal Autopsy Method ဖြင့် သေဆုံးရသော အဓိက အကြောင်းရင်းနှင့် ပတ်သက်သည့် အချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ အီလက်ထရောနစ်နည်းပညာဖြင့် မှတ်တမ်း တင်နိုင်ရန် အတွက် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း စာရင်းဇယား များ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နှင့် IT ပညာရှင် များ ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုညှိနှိုင်းဆွေးနွေးပွဲတွင် University of Melbourne မှ IT ပညာရှင် Ms.Sonja Firth က The Verbal Autopsy Method အသုံးပြုခြင်းနှင့် ပတ်သက်သည့် ODK Software အသုံးပြုပုံ၊ Tablet ဖြင့် အချက်အလက်ကောက်ယူပုံ၊ ရရှိလာသော အချက်အလက်များ Server သို့ upload ပြုလုပ်ပုံ၊ Server မှ စာရင်းအင်းအချက်အလက်များ ထုတ်ယူပုံများကို ဆွေးနွေးမည်ဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ IT ကျွမ်းကျင်သူ များ၊ ပြင်ပမှ IT ကျွမ်းကျင်ပညာရှင်များက သေဆုံးမှု မှတ်ပုံတင်ခြင်း လုပ်ငန်းတွင် The Verbal Autopsy Method ကို ထိရောက်စွာ အသုံးချနိုင်ရေး ရှေ့လုပ် ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းကြမည်ဖြစ်သည်။
Verbal Autopsy Method ဖြင့် သေဆုံးမှုကို မှတ်တမ်းတင်နိုင် ပါက မြန်မာနိုင်ငံ၏ လူမှုပတ်ဝန်းကျင်တွင် သေဆုံးမှု ဖြစ်ပွားသော ရောဂါအမျိုး အစား အချက်အလက်များနှင့် ပတ်သက်သော စာရင်းဇယားများကို မြို့မ/ကျေးလက်၊ ကျား/မ၊ အသက်အုပ်စုများခွဲခြား၍ ပြည့်စုံမှန်ကန်စွာ အချိန်နှင့် တစ်ပြေးညီ ကောက်ယူစုစည်းနိုင်မည်ဖြစ်သည်။ ပြည့်စုံမှန်ကန် သည့် သေဆုံး မှုဆိုင်ရာ ညွှန်ကိန်းများကို အခြေခံ၍ ကျန်းမာရေးဆိုင်ရာ စီမံကိန်း များရေးဆွဲခြင်းဖြင့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ (Xinhua)