Environment, Disasters & Accidents
ဖားကန့်တွင် မြေပြိုကျမှုကြောင့် လူသေဆုံးမှုများရှိနိုင်ဟုဆို
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက် ၃နာရီခွဲကျော်က မောက်တောင်တစ်ခုပြိုကျမှုကြောင့် လူသေဆုံးမှုများရှိနိုင်ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
“အသေအပျောက် အရေအတွက်ကတော့ မသိရသေးပါဘူး၊ အဲဒီကို သွားစစ်တဲ့ ကျွန်တော်တို့ အဖွဲ့တေအဆက်အသွယ်မလုပ်လာသေးပါဘူး၊ သွားပြီး ကူညီစစ်ဆေးနေပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ပြိုကျသည့်နေရာတွင် ရေမဆေးကျောက်ရှာဖွေသူများရှိနေကြောင်း၊ လက်ရှိ အလောင်းများ တူးဖော်ရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။(Xinhua)