Connect with us

Environment, Disasters & Accidents

ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူများအား သိန်း၁၇၀၀၀ကျော် ထောက်ပံ့ထားဟုဆို

မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်များရေနစ်မြုပ်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ဆန်ရိက္ခာနှင့် အခြားထောက်ပံ့ ပစ္စည်းများအတွက် စုစုပေါင်း သိန်း၁၇၀၀၀ကျော် ထောက်ပံ့ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေဘေးသင့် ပြည်သူများအာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ မှ ဆန်ရိက္ခာဖိုးငွေကျပ်၄၉၅၄၉၅ဝဝ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၅၃ဝဝဝဝဝ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ တန်ဖိုး စုစုပေါင်းငွေကျပ် ၇၃၅၃၁၁၅၂ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်၊ မကွေး၊ ရေစကြို၊ ပခုက္ကူ၊ မင်းဘူး၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ အောင်လံ၊ သရက်၊ ပွင့်ဖြူ၊ မင်းဘူးနှင့် ကံမမြို့နယ်များတွင် ရေဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ကယ်ဆယ်ရေးစခန်းငါးခုမှ အိမ်ထောင်စု ၂၂၆၂ဝ စုမှ လူဦးရေ ၉ဝ၄၁၇ ဦးရှိပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဆန်ရိက္ခာနှင့် အခြား ထောက်ပံ့ပစ္စည်းများ တန်ဖိုးငွေကျပ် ၆၅၈၁၇၆ဝဝ အား လှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပန်းတောင်း၊ ရွှေတောင်၊ ပြည်၊ မိုးညို၊ သာယာဝတီ၊ညောင်လေးပင်၊ ကျောက် ကြီး၊ ရွှေကျင်မြို့နယ်များမှ ရေဝင်ရောက်သည့် အိမ်ထောင်စု ၂၆၃၉၁ စု၊ ရေနောက်မျောပါသည့် ရေဘေးသင့်အိမ်ခြေနှင့် ပြောင်းရွှေ့ရသည့် အိမ်ခြေ ၂၇၇၅ အိမ်မှ လူဦးရေ ၁ဝ၁၃၃ ဦး ရှိပြီး အဆိုပါရေဘေးသင့်ပြည်သူများ အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆန်ရိက္ခာဖိုးငွေကျပ် ၁၇၆၄၆၃ဝဝ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ရေဘေးသင့် အိမ်ထောင်စု ၄၉ စုမှ လူဦးရေ ၂၄ဝ သာ ရေဘေးသင့်ဒဏ် ခံစားနေကြရပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အင်္ဂပူ၊ ဓနုဖြူ၊ ပန်းတနော်၊ မြန်အောင်၊ ဟင်္သာတနှင့် ငါးသိုင်းချောင်းမြို့နယ် များမှ ရေဝင်သည့် အိမ်ခြေ ၂ဝ နှင့် ရေဘေးကြောင့် ပြောင်းရွှေ့ ရသည့် အိမ်ခြေ ၁၁၅၄ မှ လူဦးရေ ၄၄၄၁ ဦးရှိကာ ၎င်းတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ က ဆန်ရိက္ခာဖိုးငွေကျပ် ၁၃၆၇ဝဝဝ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်များမှ ရေဘေးသင့်ပြောင်းရွှေ့ အိမ်ခြေ ၁၃၇၃ မှ လူဦးရေ ၅ဝ၇ဝ တို့ အတွက် ဆန်ရိက္ခာဖိုးနှင့် အခြားထောက်ပံ့ပစ္စည်းများ တန်ဖိုး ငွေကျပ် ၈၆၄၃၇၅ဝ ကို လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ရေဘေးသင့်ပြောင်းရွှေ့ အိမ်ခြေ ၇၁ အိမ်မှ လူဦးရေ ၃၁၈ ဦးအတွက် ဆန်ရိက္ခာနှင့် အခြားထောက်ပံ့ပစ္စည်း တန်ဖိုးငွေကျပ် ၁၃၁၄၂၁ဝ ကို လည်း ကောင်း၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ ပြောင်းရွှေ့အိမ်ခြေ ၁ဝ၃ အိမ်မှ လူဦးရေ ၃၆၉ ဦးအတွက် ဆန်ရိက္ခာနှင့် အခြားထောက်ပံ့ ပစ္စည်း တန်ဖိုးငွေကျပ် ၇၇၄၉ဝဝ တို့ကိုလည်းကောင်း ထောက်ပံ့ လှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.