Environment, Disasters & Accidents
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် သံကူကွန်ကရစ်တံတား ကျိုးပဲ့ခဲ့ပြီး လမ်း ပေ၂၀၀ခန့် ပျက်စီးမှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် ဝိုင်းမော်-ကန်ပိုက်တီ ကားလမ်းရှိ သံကူကွန်ကရစ်တံတား ကျိုးပဲ့ခဲ့ပြီး လမ်း ပေ၂၀၀ခန့် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာ၍မရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ ၁ရး၃၀နာရီအချိန် တွင် ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် သံကူကွန်ကရစ်တံတား(အရှည် ၁၇၄ ပေ၊ အကျယ် ၂၈ ပေ)ကျိုးပဲ့ခဲ့ပြီး လမ်းပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)