Environment, Disasters & Accidents
ကျောက်ပန်းတောင်း မြို့နယ်၌ ကျောက်လိုဏ်ဂူမှ ကျောက်နှင့် မြေသားများ ပြိုကျ၍ ၂ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၌ ကျောက်လိုဏ်ဂူမှ ကျောက်နှင့် မြေသားများ ပြိုကျ၍ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ဧပြီလ ၄ ရက်နေ့ ၁၁း၃၀နာရီ အချိန် တွင် ကျောက်ပန်းတောင်းမြို့နယ်၊ တည်ပင်တဲ ကျေးရွာအနီးရှိ ဦးကျော်ဇင် (၄၈)နှစ်(စိစစ်ဆဲ)ပိုင် လမ်းခင်းကျောက်ကျင်းရှိ အမြင့် ၃၀ ပေခန့် ကျောက်လိုဏ်ဂူအပေါ်မှ ကျောက်နှင့်မြေသားများ ရုတ်တရက်ပြိုကျခဲ့၍ ကျောက်ခဲနှင့် မြေသားများ ထိမှန်မှုကြောင့် ကျောက်တူးနေသည့် မဝေဝေထွန်း(၁၇)နှစ်ပါ မ ၂ ဦးတို့တွင် ဝဲနားထင်ပေါက်ပြဲ၊ လည်ပင်းရိုးကျိုးဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဇော်ဇော်(၂၇)နှစ်ပါ ကျား ၃ ဦးတွင် ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၁း၄၅ နာရီ အချိန်တွင် သေဆုံး/ဒဏ်ရာရသူများအား လက်ပံချေပေါ် တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ပြီး လက်ပံချေပေါ်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၈) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။