Connect with us

Environment, Disasters & Accidents

ကွန်ဟိန်းမြို့နယ်၌ ကျောက်တောင်စောင်းပြိုကျ၍ ၂ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ကျောက်တောင်စောင်းပြိုကျမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ကျောက်တောင်စောင်းပြိုကျ၍ ၂ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၄း၄၅နာရီ အချိန် ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ် ကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် (၃၉၅/၃၉၆)ကြား၌ ကျောက်ထုတ်လုပ်သည့်နေရာမှ အမြင့်ပေ ၅၀ ခန့်ရှိ ကျောက်တောင်စောင်းပြိုကျ၍ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကျော်ခိုင်မိုး(၂၄)နှစ်ပါ ၂ ဦးတွင် ဦးခေါင်းကြေ၊ ရင်ဘတ်ဖူးရောင်၊ နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကိုထွန်း(၄၀)နှစ်တွင် ယာမျက်ခုံးပေါက်ပြဲ၊ ဝဲပေါင်ကြေမွဒဏ်ရာ(စိုးရိမ်ရ)ရရှိ၍ သေဆုံးသူ ၂ ဦးအား ကွန်ဟိန်းမြို့ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ ကိုထွန်းအား လွိုင်လင် ပြည်သူ့ဆေးရုံမှတစ်ဆင့် စဝ်စံထွန်းဆေးရုံ(တောင်ကြီး)သို့ လွှဲပြောင်းပေးခဲ့ကြောင်း နှင့် ၁၉း၃၀နာရီ အချိန်တွင် ကွန်ဟိန်းမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၈) ရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.