Environment, Disasters & Accidents
ငလျင်ဒဏ်ခံ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင် ထိန်းထိမ်းမှုများ ဆောင်ရွက်ရာတွင် ၇၈ ဆူ ဆောင်ရွက်ပြီးစီးကာ ၃၁၁ ဆူ ဆောင်ရွက်ရန် ကျန်ရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)
ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများအား ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ တစ်ဦးချင်း အလှူရှင်များ ခေါ်ယူ၍ ဌာနမှ ပြုပြင်ခြင်းများဖြင့် ဆောင်ရွက်လျက် ရှိရာ ၇၈ ဆူ ဆောင်ရွက်ပြီးစီးကာ ၃၁၁ ဆူ ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။
ငလျင်ဒဏ်ခံ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင် ထိန်းသိမ်းမှု အခြေအနေမှာ ပျက်စီးမှု အရေအတွက် အလိုက် ပထမ ဦးစားပေး ၊ ဒုတိယ ဦးစားပေး နှင့် တတိယ ဦးစားပေး ၃၈၉ ဆူ ရှိသည့် အနက် ၇၈ ဆူ ဆောင်ရွက်ပြီးစီးကာ ၃၀ ဆူ ဆောင်ရွက်ဆဲ ဖြစ်ပြီး ၃၁၁ ဆူ ဆောင်ရွက်ရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ကျော်က ချောက်မြို့အနောက်ဖက် ၁၂ မိုင်ခန့်အကွာ နေရာကို ဗဟိုပြုလျက် အင်အား ရစ်ခ်တာ စကေး ၆ ဒဿမ ၈ ပြင်းအား ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွက် တန်ခိုးကြီး ရှေးဟောင်းဘုရားများ တည်ရှိရာ ပုဂံမြေပေါ်ရှိ နာမည်ကြီး အထင်ကရ ဘုရားစေတီပုထိုးများ ရာနှင့်ချီ၍ ပျက်စီး ဆုံးရှုံးခဲ့သည်။(Xinhua)