Environment, Disasters & Accidents
ငလျင်ဒဏ်သင့် ပုဂံ ဘုရားစေတီများ ၈၀ ရာခိုင်နှုန်းခန့် ပြုပြင် ပြီးစီးဟုဆို
ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားစေတီများ အနက် ၃ဝ၂ ဆူ ပြုပြင် ပြီးစီးကာ ရာခိုင်နှုန်း အားဖြင့် ၈၀ ရာခိုင်နှုန်းခန့်ပြုပြင်ပြီးစီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
၂ဝ၁၆ ခုနှစ် သြဂုတ်၂၄ ရက်တွင် လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ပုဂံဘုရားပေါင်း ၃၈၂၂ ဆူ ရှိသည့်အနက် ၃၈၉ ဆူ ယိုယွင်းပျက်စီးခဲ့ရပြီး နောက်ပိုင်း နိုင်ငံ တစ်ဝန်းမှ စေတနာရှင်များ၏လှူဒါန်းမှုဖြင့် ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားစေတီ ၃ဝ၂ ဆူ ပြုပြင်ပြီး ဖြစ်ကြောင်း ၊ ကျန်ရှိသည်များအား ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲထံမှ သိရသည်။
ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများ အနက် ပျက်စီးမှု အများဆုံး ၃၆ ဆူ ၊ ဒုတိယ ထိခိုက်မှု အများဆုံး ဘုရား ၅၃ ဆူ နှင့် အနည်းငယ် ထိခိုက်မှု ရှိခဲ့သည့် ဘုရားအရေအတွက် အဆူ ၃ဝဝ ဖြစ်ပြီး ပျက်စီးမှုများကို ဆက်တိုက် ပြုပြင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။(Xinhua)