Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၉ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အရှေ့တောင်ဘက် (၁၅) မိုင်ခန့် အကွာတွင် ယနေ့ (၁၁)နာရီ (၀၀)မိနစ် (၀၁) စက္ကန်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် မော်လိုက်မြို့ ၏ မြောက်လတ္တီတွဒ် (၂၃.၅၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၃)ဒီဂရီ၊ အနက် (၁၀၂) ကီလိုမီတာခန့်ကို ဗဟိုပြု၍ တိုင်းထွာရရှိခဲ့ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.