Environment, Disasters & Accidents
စစ်တောင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ် ရေတို့ သည် မြင့်တက်လျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
စစ်တောင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ် ရေတို့ သည် မြင့်တက်လျက်ရှိသည့် အတွက် ၎င်းမြစ်ကြောတလျှောက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေအား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၆၀၀ စင်တီမီတာ၊ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၀၇၀ စင်တီမီတာ မြင့်တက်လျက်ရှိကြောင်း၊ ငဝန်မြစ်သည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၁၃၀ စင်တီမီတာ၊ သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၆၂၀ စင်တီမီတာ မြင့်တက်လျက်ရှိကြောင်း၊ တိုးမြစ်သည် မအူပင်မြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၇၂၀ စင်တီမီတာ အထက် သို့ရောက်ရှိနေကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)