Environment, Disasters & Accidents
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ရှိသည့် ဆည်၊ တမံများ အနက်ရေကျော်ကျလျက်ရှိသည့် ဆည်၊ တမံ ၄၄ ခုရှိ
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ရှိသည့် ဆည်၊ တမံများ အနက် အချို့သော ဆည်၊ တမံများမှာ မိုးရွာသွန်းမှု အားကောင်း၍ သတ်မှတ်ကန်ရေပြည့်ပမာဏကျော်လွန်လျက်ရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသည့် ဆည်၊ တမံ ၄၄ ခုရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ထိုကဲ့သို့ ရေပိုလွှဲမှ ရေကျော်ကျခြင်းကြောင့် တစ်စုံတစ်ရာ စိုးရိမ်စရာ မရှိကြောင်းနှင့် ရေပိုလွှဲမှရေကျော်ကျခြင်းမှာ မူလ ဆည်၊ တမံများ၏ ရေသိုလှောင်မှုပမာဏပြည့်မီသွားခြင်းကြောင့် ပိုလျှံသောရေကို ရေပိုလွှဲမှ တစ်ဆင့် မူလချောင်း ထဲသို့ ပြန်လည်ထုတ်လွှတ် စီးဝင်စေခြင်းသာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)