Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် ရေဘေးကြောင့် လူဦးရေ တစ်သိန်းကျော် ရေဘေးသင့်

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်များရေနစ်မြုပ်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် ရေဘေးကြောင့် လူဦးရေ တစ်သိန်းကျော် ရေဘေးသင့်နေရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် ရှစ်ခုတွင် ဇူလိုင် ၂၃ ရက်အထိ ရေဝင်ရောက်သည့် အိမ်ခြေ ၃၆၉၃၉ အိမ်၊ ရေနောက်မျောပါသည့် အိမ်ခြေ ၅၄ အိမ်နှင့် ရေဘေးကြောင့် ပြောင်းရွှေ့ ရသည့် အိမ်ခြေ ၃၃၂၃၃ ကျော်မှ လူဦးရေ ၁၃၄၅၉ဝ ကျော်မှာ ရေဘေးသင့်နေကြ ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သဘာဝဘေးအန္တရာယ်များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရေဘေးသင့်သူများအနက် မကွေးတိုင်းဒေသ ကြီးတွင် ရေဘေးကြောင့် ပြောင်းရွှေ့ရသည့် အိမ်ခြေ ၂၂၆၂ဝ နှင့် ရေဘေးသင့်ပြည်သူ ၉ဝ၄၁၇ ဦးရှိပြီး တစ်နိုင်ငံလုံးတွင် အများဆုံး ရေဘေးသင့်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ လေရှီးမြို့နယ် (မိုပိုင်းလွတ်)၊ မုံရွာ၊ ဆားလင်းကြီး၊ စစ်ကိုင်းအစရှိသည့် မြို့နယ် များမှ ရေဝင်ရောက်သည့် အိမ်ခြေစုစုပေါင်း ၁ဝ၂၅၇ အိမ်၊ ရေနောက်မျောပါသည့် အိမ်ခြေစုစုပေါင်း ၅၃ အိမ်နှင့် ရေဝင် ရောက်မှုကြောင့် ပြောင်းရွှေ့ကြရသည့် ရေဘေးသင့်အိမ်ထောင်စု ၅ဝ၈၃ စုမှ လူဦးရေ စုစုပေါင်း ၂၃၅၉၅ ဦးတို့မှာ ရေဘေးသင့်ခဲ့ရ ကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.