Connect with us

Environment, Disasters & Accidents

ပြည်မြို့ ၏ အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ ကိုဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၉)အဆင့်ရှိငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၏ အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၇၁)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၉)၊ အနက် (၈၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၃)နာရီ (၄၄)မိနစ် (၀၂)စက္ကန့် အချိန်တွင် ငလျင်လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှစော က “ငလျင်က အင်အားအနည်းငယ် ခံစားမှုရှိတဲ့အဆင့်လောက်ပဲလှုပ်တာပါ။နေ့ခင်းဆိုတော့ လူတွေ အနေနဲ့ သိလိုက်တာမျိုးရှိတယ်။ အပျက်အစီးကတော့ မရှိလောက်ဘူးလို့ ယူဆရပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.