Connect with us

Environment, Disasters & Accidents

ဖျာပုံမြို့နယ်ရှိ ငါးဖမ်းသင်္ဘော မီးလောင်မှုကြောင့် ကျပ်သိန်း ၃၀၀ကျော် ဆုံးရှုံး

မီးလောင်ပြင်အား မီးငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း ကမ်းကပ်ထားသော ငါးဖမ်းသင်္ဘော မီးလောင်မှုကြောင့် ကျပ်သိန်း ၃၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဒေါ်ငြိမ်းကျေးရွာ အုပ်စု ကဗျက်ကျေးရွာအမှတ်(၄) ရပ်ကွက်၌ မတ်လ ၂၆ ရက်နံနက်ပိုင်းတွင် ကမ်းကပ်ထားသည့် ငါးဖမ်းသင်္ဘောသည် နှစ်နာရီကြာ မီးလောင်ကျွမ်းခဲ့ပြီး ယင်းသင်္ဘောအပါအဝင် ကမ်းနားတန်းရှိ နေအိမ် ၂၈ လုံး၊ ဂိုဒေါင် သုံးလုံးနှင့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ကျပ် သိန်း ၃၀၀ကျော် ဆုံးရှုံးကာ အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၂၀၂ ဦး အိုးအိမ်မဲ့ဖြစ်ပြီး မီးဘေးသင့် သူများကို ကျေးရွာစာသင် ကျောင်း၌ ကယ်ဆယ်ရေးစခန်း ဖွင့်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.