Environment, Disasters & Accidents
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့ တွင်မုတ်သုံလေအား ကောင်းရာမှအားအလွန်ကောင်းနေ ကြောင်း ၊ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရတစ်ပြည်လုံးတွင် မိုးထစ်ချုန်းရွာခဲ့ပြီး၊ မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်းသိရသည်။
မှတ်သားဖွယ်ရာမိုးရေချိန်များမှာ မော်လမြိုင်မြို့တွင် (၅.၈၃)လက်မ၊ ဘားအံမြို့တွင် (၂.၆၈)လက်မ၊ ကသာမြို့တွင် (၂.၃၆)လက်မ၊ပြည်မြို့နှင့် ရေးမြို့တို့တွင် (၁.၆၁)လက်မစီ၊ ဇောင်းတူမြို့တွင် (၁.၄၆)
လက်မ၊ ရန်ကုန်(ကမ္ဘာအေး) တွင် (၁.၄၂)လက်မနှင့် မချမ်းဘောမြို့ တွင် (၁.၂၆)လက်မတို့ ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်၌်ပါရှိသည်။ (Xinhua)