Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မန္တလေး တိုင်းဒေသကြီး အတွင်း မြို့နယ် ၅ မြို့နယ်၌ သီးနှံမျိုးစုံ စိုက်ဧက တစ်သောင်းကျော် ပျက်စီး

သီးနှံစိုက်ပျိုးသည့် လယ်ယာမြေ တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး အတွင်း ကျောက်ဆည် ခရိုင်နှင့် မြင်းခြံခရိုင်များရှိ မြို့နယ် ၅ မြို့နယ်၌ ကွက်ကျား မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် သီးနှံမျိုးစုံစိုက်ဧက ၂၄၃၄၅ ဧက ထိခိုက်ခဲ့ပြီး ၁ဝ၆၅၅ ဒသမ ၄၄ ဧက ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပညာ (စီမံကိန်း)ဌာနစိတ်မှ သိရသည်။

စိုက်ဧက ပျက်စီးခဲ့ရသည့် မြို့နယ်များမှာ ကျောက်ဆည်ခရိုင် အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦးနှင့် မြင်းခြံခရိုင် ရှိ မြင်းခြံ၊ တောင်သာ မြို့နယ်များ ဖြစ်ကြပြီး နွေစပါး၊ နွေနှမ်း၊ မိုးနှမ်း၊ မိုးမြေပဲနှင့် ပဲတီစိမ်း သီးနှံစိုက်ဧကများ ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ၎င်းထိခိုက်ပျက်စီး စာရင်းများမှာ ဧပြီ ၁ မှ ဇွန် ၂၆ ရက် အထိ စာရင်းများ ဖြစ်ကြောင်း သိရသည်။

ထိုပျက်စီးခဲ့သည့် စိုက်ဧက များတွင် တောင်သူများက မိုးစပါး၊ ကြက်သွန်၊ မြေပဲ၊ မိုးနှောင်း ချည်မျှင် ရှည်ဝါနှင့် ကုလားပဲတို့ကို ပြန်လည် စိုက်ပျိုးရန် တင်ပြထားရာ လက်ရှိတွင် မိုးစပါးစိုက်ပျိုးရန် ဧကပေါင်း ၁ဝဝ၈၁ ဧက ရှိသည့်အနက် တိုင်းဒေသကြီး အရန်စပါးမျိုးစေ့မှ စပါးတင်းပေါင်း ၄၉၁၉ တင်းကို စဉ့်ကိုင်မြို့နယ်သို့ ပံ့ပိုးပေးခဲ့ပြီး ကျန်သီးနှံများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.