Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
မုန်တိုင်းငယ်မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်သည့် အတွက် လိမ္မော်ရောင်အဆင့် သတ်မှတ် - Xinhua News Agency
Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ်မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်သည့် အတွက် လိမ္မော်ရောင်အဆင့် သတ်မှတ်

မုန်တိုင်းခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသများ သတိထားသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ဆင်ဟွာကိုပြောသည်။

ဒေါ်ရီရီငြိမ်းက “မုန်တိုင်းက မြန်မာနိုင်ငံထဲကို ဝင်နိုင်တဲ့ အတွက် မုန်တိုင်းကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။ ဝင်ခဲ့မယ်ဆိုရင်တော့ ရခိုင်ကမ်းရိုးတန်း ကို ဖြတ်ဖို့ များပါတယ်’’ ဟုပြောသည်။

အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၃.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် (၄၀)မိုင်နှုန်း ဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအား ကောင်း လာကာ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.