Environment, Disasters & Accidents
မြန်မာနိုင်ငံပြည်ပ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသောငလျင်လှုပ်ရှား
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၃၉)မိနစ် (၀၀)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် (၂၉၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၅.၆)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌနာမှ သတင်းထုတ်ပြန်သည်။
မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “အခုငလျင်က ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ ဘက်မှာလှုပ်တာ။ အဲ့ဒီ့ဘက်တွေက လည်း တောင်တန်းတွေ အများကြီးရှိပါတယ်။ဒါကြောင့် မြန်မာနိုင်ငံဘက်ကို အဲ့ဒီငလျင်လှုပ်ခတ်မှု သက်ရောက်မှုရှိကြောင်း သတင်းအခုချိန်ထိ မရောက်ရှိသေးပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)