Environment, Disasters & Accidents
ရခိုင်ပြည်နယ်တွင် နေရာသုံးခု မီးလောင်မှုဖြစ်ပွား
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်တွင် ဧပြီလ ၁၀ ရက်နေ့ တစ်ရက်ထဲတွင် နေရာသုံးနေရာ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဧပြီ ၁၀ရက်နေ့ နံနက် ၁၀နာရီ ၅၈မိနစ်တွင် (၃၀×၃၀) ပေ၊ သွပ်မိုး၊ သွပ်/ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ ရပ်ကွက်(၁)၊ ချောင်းနားစုရပ်ကွက်တွင်လည်း ည ၈နရီကျော်တွင် (၁၂×၁၆)ပေ၊ ဓနိမိုး၊ ဓနိကာ၊ဝါးကြမ်းခင်း နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ရွာသစ်ကေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် လမ်းဘေးချရပ်ထားသော Probox (အဖြူရောင်)ယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)