Environment, Disasters & Accidents
ရန်ကုန်တိုင်းဒေသကြီး၌ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀အထိ မြင့်တက်
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁ဝ အထိ မြင့်တက်လျက်ရှိကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမ ဦးစီးဌာန၏ တိုင်းတာချက်များအရ သိရသည်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၈ ထက်ကျော်လျှင် မြင့်မားနေသည့် အနေအထားဖြစ်ပြီး ဆောင်းရာသီတွင် ခရမ်းလွန်ရောင်ခြည် မြင့်တက်ခြင်းမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီးတောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံး အဆင့်တွင် ရှိနိုင်ပြီး ကျန်ဒေသများ၌ အနည်းငယ်မြင့်တက် နိုင်ကြောင်း သိရသည်။
အဆိုပါ ခရမ်းလွန် ရောင်ခြည်များသည် လူ့ခန္ဓာကိုယ်ပေါ်သို့ လွန်ကဲစွာ ကျရောက်ပါက အရေပြား ကင်ဆာဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီ အရေပြား ရင့်ရော်လာခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်စိကင်ဆာ စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။(Xinhua)