Environment, Disasters & Accidents
ရန်ကုန်မြစ်ကမ်းနားရှိ ခနောင် သင်္ဘောကျင်း၌ ရေယာဉ် ပြုပြင်နေစဉ် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)
ရန်ကုန် တိုင်းဒေသကြီး ၊ ဆိပ်ကမ်း မြို့နယ် ၊ ရန်ကုန်မြစ်ကမ်းနားရှိ ခနောင်သင်္ဘောကျင်း၌ ဆီတင်တွဲရေယာဉ် ပြုပြင်စဉ် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားကာ လူ နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
သင်္ဘောကျင်း၌ သြဂုတ် ၂၇ ရက်တွင် ဆီတင်တွဲ ရေယာဉ်၏ အခန်း(၈)မှ ကြမ်းခင်းသံပြားအား သံဖြတ်အလုပ်သမား သုံးဦးက ဂက်စ်ဘူးဖြင့် ချိတ်ဆက်ထားသော မီးဂေါက်ဖြင့် ဖြတ်နေစဉ် အပူလွန်ကဲ၍ ဆီတွဲအတွင်းရှိ 92 ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် အခန်း(၁၀)မှ အလျား ၂၄ ပေ ၊ အနံ ၂၀ ပေခန့်သံပြား ပွင့်ထွက်ခဲ့ရာ အလုပ်သမား နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ဒဏ်ရာ ရရှိသော အလုပ်သမား တစ်ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး သံဖြတ် အလုပ်သမား အဖွဲ့ခေါင်းဆောင်ကို ဆိပ်ကမ်း မြို့မ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)