Connect with us

Environment, Disasters & Accidents

ရေတိုက်စားပြီး ကမ်းပါးပြိုမှု သုံးလအတွင်း ၁၈၈ကြိမ်ဖြစ်ပွား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပြိုကျနေစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ယခုနှစ် ရေတိုက်စားပြီး ကမ်းပါးပြိုမှုသည် ဧပြီ ၁ ရက်မှ ဇူလိုင်၃၁ ရက်အထိ ၁၈၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ကမ်းပါးပြိုမှုများအတွက် ပစ္စည်းတန်ဖိုးနှင့်လှူဒါန်းငွေစုစုပေါင်း ၃၃၆ ဒသမ ၂၁၆ သန်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ် ကျက်သောင်းတောင် ကျေးရွာ၌ သြဂုတ် ၈ ရက်က မဒါန်းချောင်း ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု၂၅ စု မှ လူဦးရေ စုစုပေါင်း

၉၉ ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အခြားသောဘေးအန္တရာယ်များအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ်းပြိုဘေး

ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးရသောပြည်သူများ၊ ကမ်းပြိုမည့် အန္တရာယ်ကြောင့် နေအိမ်များကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ ရသောပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ပြိုကျပျက်စီးနေ

အိမ်များအတွက် အိမ်ဆောက် ပစ္စည်းဖိုး၊ မိသားစုသုံး ပစ္စည်းများနှင့်သေဆုံးသူများအတွက် ထောက်ပံ့မှုများဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.