Environment, Disasters & Accidents
ရွှေစက်တော် ဘုရားဖူးယာဉ် ဘရိတ်ပေါက် တိမ်းမှောက်မှု ဖြစ်ပွား

ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)
ရွှေစက်တော် ဘုရားဖူးယာဉ် ၁ စီးသည် ယနေ့မတ် ၁၆ ရက် နံနက်ပိုင်း အချိန်တွင် မကွေးတိုင်းဒေသကြီး ၊ မင်းဘူး မြို့နယ် ၊ ရွှေစက်တော်ဘုရားအဝင် ၊ လှေတင် တံတားအဆင်းတွင် ဘရိတ်ပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။
ထိုယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၂၃ ဦး အနက် ဒဏ်ရာ ရရှိသူများကို မင်းဘူးမြို့နယ်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ် ရပြီး ၊ ၁၅ ဦး မစိုးရိမ်ရကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရွှေစက်တော် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။(Xinhua)