Environment, Disasters & Accidents
လေဖိအားနည်းရပ်ဝန်း သည် အားပျော့သွားပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်သတ်မှတ်

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
မာရသာ ဆိုက်ကလုန်းမုန်တိုင်းပြီးသည့်နောက် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် အားပျော့သွားပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
အစိမ်းရောင်အဆင့်ဆိုသည်မှာ မုန်တိုင်းအန္တရာယ်ပြီးဆုံးခြင်း သင်္ကေတဖြစ်သည်။
ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha)အတွက် နောက်ဆုံး ထုတ်ပြန်ပေးသည့်သတင်း ဖြစ်ကြောင်း မိုးဇလ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)