Environment, Disasters & Accidents
လောက်ကိုင်မြို့၌ ပြောင်းချွေစက်မှ အပူလွန်ကဲပြီးမီးလောင်ကျွမ်း
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဖူဟုန် လမ်းသွယ်(၂)ရှိ သုံးထပ်တိုက်၌ ပြောင်းဖူးချွေစက်ဖြင့် ပြောင်းချွေရာမှ အပူချိန်လွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယင်း သုံးထပ်တိုက်၌ ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြောင်းဖူးချွေစက်ဖြင့် ပြောင်းချွေရာမှ အပူချိန်လွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းရာ ယင်းမီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူ ထိခိုက်မှုမရှိဘဲ ကာလတန်ဖိုး ငွေကျပ် ၁၀ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ကာ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်အား လောက်ကိုင်မြို့မရဲစခန်း၌ အရေးယူဆောင်ရွက်လျက်ရှိသည်။(Xinhua)