Connect with us

Environment, Disasters & Accidents

လှိုင်မြစ်အတွင်း ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ

ရေယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့သည့် ရေယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

လှိုင်မြစ်အတွင်း MIP ဆိပ်ကမ်းအနီး၌ ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားကာ တစ်စီး နစ်မြုပ် သွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဘက်မှ ရေယာဉ်မှူး ဦးကျော်တင့် မောင်းနှင်လာသော ဝင်းပိုင်(၅) ဆီတင် တွဲ ရေယာဉ် နှင့် ဘုရင့်နောင်အောင်ဇေယျတံတားဘက်မှ ရေယာဉ်မှူး ဦးအောင်ဌေးလင်း မောင်းနှင် လာသော ကျောက်စရစ်တွဲ(၂)တွဲ ဆွဲလာသည့် ဓနလှိုင်(၃) တွန်းရေယာဉ် တို့သည် အလုံမြို့နယ်၊ ဦးမြငဇင်သမ္မာန်ဆိပ် ရှေ့ရေပြင်အရောက် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဓနလှိုင်(၃)၊ တွန်းရေယာဉ်မှ တွဲလာသည့် အလျား ၁၁၅ ပေ၊ အနံ ၃၈ ပေရှိ CB 395 ကျောက်စရစ်တွဲမှာ နစ်မြုပ် သွားခဲ့ကြောင်း သိရသည်။

ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဆိပ်ကမ်းမြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင် များသည် ယနေ့ဧပြီ ၅ ရက် ၊ နံနက်ပိုင်းတွင် ရေယာဉ် နှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သတင်း အရ သွားရောက် စစ်ဆေးခဲ့ပြီး ထိုရေယာဉ် တိုက်မိမှုမှ လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.